ဇန်နဝါရီ - ၁၁ ( စနေနေ့)
ကနေဒါကနေ အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းများအပေါ် တင်းကြပ်သော စည်းကြပ်ခွန်များ ကောက်ခံမယ် လို့ အမေရိကန်သမ္မတလောင်း ဒေါနယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကနေဒါဘက်ကလည်း အမေရိကန်တင်သွင်းကုန်များအပေါ် တင်းကြပ်တဲ့ အခွန်များ တိုးမြှင့်ကောက်ခံ သွားမယ်လို့ စီစဉ်နေကြောင်း ဘလွန်းဘာဂ် သတင်းဌာနက မနေ့က ဖော်ပြလိုက်ပါတယ်။
ထရမ့်က သူ သမ္မတဖြစ်တာနဲ့ အမေရိကန်ကို ကုန်ပစ္စည်းတင်သွင်းနေတဲ့ ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် တပြိုင်နက် စည်းကြပ်ခွန်များ ကောက်ခံမယ်လို့ ပြောထားတာရှိပါတယ်။ အကြောင်းပြချက်ကတော့ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ တရားမဝင် လူကုန်ကူးမှုတို့ကို တိုက်ဖျက်ဖို့အတွက်လို့ ဆိုထားပါတယ်။ ကနေဒါနှင့် မက္ကဆီကိုမှ အမေရိကန်သို့ ဝင်ရောက်သည့် ကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅ % နှင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ % ထပ်တိုး မယ်လို့ ပြောပါတယ်။
Bloomberg ၏ သတင်းရင်းမြစ်များအရ ယခုအခါ ကနေဒါတာဝန်ရှိသူများသည် ထရမ့်ရဲ့ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ၎င်းတို့၏ အလားအလာကို စဉ်းစားနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးသော်လည်း၊ ဆွေးနွေးဆဲ အစီအမံများတွင် ကနေဒါသို့ အမေရိကန် ပို့ကုန်အားလုံးကို ပစ်မှတ်ထားကာ အခွန်စည်းကြပ်မှုအပေါ် ပါးရိုက် နားကိုက်မယ် ဆိုတဲ့ ပုံစံအတိုင်းသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ အမေရိကန်က ၁ ဒေါ်လာ တိုးရင် သူတို့ကလည်း ၁ ဒေါ်လာတိုးမယ်လို့ ဆိုလိုတာပါ။
ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူး ရဲ့အစိုးရက ကနေဒါကနေ အမေရိကန်ကို တင်သွင်းသော ရေနံ၊ ယူရေနီယမ်နှင့် ပိုတက်စ့်ကဲ့သို့သော မဟာဗျူဟာကျသော ကုန်ပစ္စည်းများပေါ်တွင် ပို့ကုန်အခွန်အခများကို အသုံးပြုရန် ရွေးချယ်မှုကို စစ်ဆေးနေပြီဖြစ်ပါတယ်။
ကနေဒါသည် အမေရိကန်သို့ ရေနံစိမ်းအများဆုံး တင်သွင်းသူဖြစ်ပြီး နျူစွမ်းအင်အတွက် မရှိမဖြစ်လိုအပ်သော ကမ္ဘာလုံးဆိုင်ရာ ယူရေနီယံထုတ်လုပ်သူဖြစ်သောကြောင့် ထိုကန့်သတ်ချက်များသည် အမေရိကန် စွမ်းအင်ဈေးနှုန်းများအပေါ် ချက်ခြင်းဖိအားပေးလိမ့်မည်ဖြစ်ကြောင်း သိရပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment