မဟာအောင်မြေမြို့နယ် KBZ ဘဏ်ခွဲအတွင်း သေနတ်ဖြင့် ဝင်ရောက်ဓားမြတိုက်သူအား ဘဏ်ဝန်ထမ်းများက ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ် KBZ ဘဏ်ခွဲအတွင်း သေနတ်ဖြင့် ဝင်ရောက်ဓားမြတိုက်သူအား ဘဏ်ဝန်ထမ်းများက ဖမ်းဆီး




မန္တလေး၊ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ လမ်း ၄၀၊ ၇၂×၇၃ လမ်းကြားရှိ KBZ -ဘဏ်ခွဲ 37 တွင် ၁၁-၁-၂၀၂၅ ရက်နေ့ ၁၄:၃၅ အချိန်ခန့်တွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်၍ ဝင်ရောက်ဓားမြတိုက်စဉ် ဘဏ်ဝန်ထမ်းများက ဝင်ရောက်လုံးထွေး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၎င်းဘဏ်တွင် လုံခြုံရေးဝန်ထမ်း ကျား ၁ဦး အပါ ဝန်ထမ်း၂၁ဦး ဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ပျောက်ကျား အင်္ကျီလက်ရှည်၊ ဘောင်းဘီအနက်ရောင် အရှည် ဝတ်ဆင်ထာသူ အမျိုးသား ၁ဦးမှ ငွေလွှဲ ငွေထုတ် ပြုလုပ်မည့်ပုံစံနှင့် ဝင်ရောက်လာပြီး ကောင်တာ အမှတ်(၄)ရှေ့တွင်ရပ်၍ ၎င်းတွင် ပါလာသည့် သေနတ်ဖြင့် ကောင်တာအနောက်ရှိ ဝန်ထမ်းများအား ချိန်ရွယ်၍ ဝပ်နေရန် ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတွင် အသင့်ပါလာသည့် အနက်နှင့်အပြာ နှစ်ရောင်စပ် ကျောပိုးအိပ်အတွင်းသို့ ငွေစက္ကူများအား ထည်းခိုင်းသဖြင့် ကောင်တာမှ ဝန်ထမ်းများက ငွေများထည့်ပေးပြီး ဘဏ်မှ ဒု-တာဝန်ခံမန်နေဂျာ ဦးလမင်းကိုကိုမှ ငွေထည့်ထားသည့် ကျောပိုးအိပ်အား သေနတ်ပြ ငွေတောင်းသူထံပေးခဲ့ကြောင်း၊ ၎င်းနောက် သေနတ်သမားမှ လမ်း ၄၀ ဝင်ပေါက်တံခါးမှ ပြန်ထွက်မည်ပြုစဉ် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမင်းမြတ်ကိုနှင့် တာဝန်ခံမန်နေဂျာ ဦးကျော်ဇင်မြင့်၊ ဒု-တာဝန်ခံမန်နေဂျာ ဦးလမင်းကို ကိုတို့မှ လုယက်သူအား ဝင်ရောက်လုံးထွေး ဖမ်းဆီးရာ လုယက်သူမှ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဦးလမင်းကိုကို၏ ဝဲဘက်လက် ကျည်ထိမှန်ခဲ့ပြီး လုယက်သူသေနတ်သမားအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်အတွင်း ဦးလမင်းကိုကို သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဘဏ်မှ ငွေကြေးတစ်စုံတစ်ရာ ပါသွားခြင်း မရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)