မန္တလေး၊ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာအုပ်စု၊ ရှမ်းလေးကျွန်းကျေးရွာ၌ ၁၁-၁-၂၀၂၅ ရက်နေ့ ၁၀:၃၅ အချိန်ခန့်တွင် အမရပူရမြို့ပြစီမံကိန်းဥက္ကဋ္ဌ ဦးမောင်ဝိတ်အား ရှမ်းလေးကျွန်းကျေးရွာရှိ ရွာဦးပရိယတ္တိစာသင်တိုက် ၊စန္ဒသုခဓမ္မာရုံ ရေစက်ချမင်္ဂလာ အခမ်းအနားသို့ လာရောက်စဉ် ရှမ်းလေးကျွန်းကျေးရွာသားများက အများပိုင်လမ်းသိမ်းဆည်းခြင်းနှင့် သီးနှံလျော်ကြေးများ ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ရှမ်းလေးကျွန်းကျေးရွာနေပြည်သူ ၁၀၀ဦးခန့်မှ ဆိုင်းဘုတ်များကိုင်ဆောင်၍ ကျေးရွာအနီး သဲဖို့ခြင်း ချက်ခြင်းရပ်၊ နိုင်ငံတော်အကြီးအကဲများ ကျန်းမာပါစေ၊ MBCCD ကုမ္ပဏီ ကျေးရွာပိုင် အများသုံးလမ်းများသိမ်းဆည်းခြင်းအား လျော်ကြေးပေး၊ ကျေးရွာပိုင် စိုက်ပျိုးထားသည့် မြေပဲသီးနှံများ သဲဖို့ဖျက်ဆီးခြင်းအတွက် လျော်ကြေးပေး၊ ရွာပိုင်သင်္ချိုင်းမြေ ချက်ခြင်းပေး ချက်ခြင်းပေး၊ ကုမ္ပဏီမှပိတ်ထားသော ကျေးရွာအဝင်လမ်းအား ချက်ခြင်းဖွင့် စာသားပါ ဆိုင်းပုဒ်များ ကိုင်ဆောင်၍ ကျေးရွာစာသင်ကျောင်းရှေ့မှ ကျေးရွာမြောက်ဘက် ရွာဦးပရဟိတ စာသင်တိုက်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာ နေရာသို့ တာဝန်ရှိသူများ ရောက်ရှိထိန်းသိမ်းခဲ့ရာ ၁၀ ၄၅ အချိန်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment