မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြည်တွင်းသတင်းမီဒီယာများ တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြည်တွင်းသတင်းမီဒီယာများ တွေ့ဆုံ




ရန်ကုန်၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြည်တွင်းရှိ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အွန်လိုင်းမီဒီယာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြိုနယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ (၁) ဦးခင်မောင်ဇော်နှင့် ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်မောင်ကျော်ဒင်တို့က မီဒီယာဖွံဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာဆက်ဆံရေး ကဏ္ဍဆိုင်ရာများ၊ ပြည်တွင်းသတင်းမီဒီယာ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသည့် မီဒီယာအဖွဲ ၄၁ ဖွဲမှ သတင်းမီဒီယာသမားများက မီဒီယာကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကိုဆွေးနွေးကြရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် မီဒီယာဖွံဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ နေပြည်တော်မှုခင်းနှင့်သတင်းစုံ အွန်လိုင်းအေဂျင်စီမှ ငွေကျပ် ၁၀ သိန်းလှူဒါန်းသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာသမားများ အကာအကွယ်ပေးရေးကော်မတီ၊ စာရင်းစစ်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိင်းဖြေရှင်းရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ သတင်းမီဒီယာဖွံဖြိုးရေးကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီတို့ကို ဖွဲစည်းထားပြီး သတင်းမီဒီယာကိုစောင့်ကြည့်ခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်း၊ သတင်းမီဒီယာလုပ်ငန်း သုံးပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိင်းပေးခြင်း၊ သတင်းမီဒီယာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့် ဟောပြောပွဲများ စီစဉ်ကျင်းပပေးခြင်း၊ သက်ဆိုင်ရာထူးချွန်သူများကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်းအဖွဲအစည်းများနှင့် ညှိနှိင်းဆောင်ရွက်ပေးခြင်းနှင့် သတင်းမီဒီယာလုပ်ငန်းများ တိုးတက်ရေးအတွက် စီမံချက်များရေးသားဖော်ဆောင်ခြင်း စသည့် အဓိကလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)