ဇန်နဝါရီ - ၁၆ ( ကြာသပတေးနေ့ )
တူရကီ စွမ်းအင်နှင့် သဘာဝ အရင်းအမြစ် ဝန်ကြီး အယ်ပါဆလမ် ဘေယက်တာ က TurkStream သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို တိုက်ခိုက်မှု ကြုံခဲ့ရကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆိုပါတယ်။
TurkStream သို့ ဓာတ်ငွေ့များ တွန်းပို့ပေးနေတဲ့ ရုရှားနိုင်ငံ ကရက်စ်နိုဒါ ဒေသရှိ ကွန်ပရက်ဆာ စခန်းအား ယူကရိန်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် အစီရင်ခံခဲ့ပါတယ် ။ စနေနေ့က တိုက်ခိုက်မှုတွင် ယူကရိန်းတပ်ဖွဲ့များက ပစ်လွှတ်သော ကာမီကာဇေ ဒရုန်း ၉ စင်း ပါဝင်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တယ်လို့ ဝန်ကြီးဌာန၏အဆိုအရ သိရပါတယ် ။ ဒရုန်းတစ်စီးကတော့ ဂက်စ်မီတာတစ်ခုအနီးတွင် ပျက်ကျခဲ့ပြီး အသေးစားပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါစက်ရုံ၏ဝန်ထမ်းများက အမြန်ဖြေရှင်းခဲ့ကြောင်း သိရပါတယ်။
မနေ့ကလုပ်တဲ့ တူရကီပါလီမန်တွင်း သတင်းစာရှင်းလင်ပွဲတွင် ဘေယက်တာက တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်း အတည်ပြုခဲ့ပြီး ပိုက်လိုင်း၏လုပ်ဆောင်မှုများကို ထိခိုက်ခြင်းမရှိကြောင်း အာမခံချက် ပေးခဲ့ပါတယ် ။ “တိုက်ခိုက်မှုအပြီးမှာ ဓာတ်ငွေ့စီးဆင်းမှု ပြတ်တောက်ခြင်းမရှိပါဘူး။ ဓာတ်ငွေ့ပိုက်လိုင်းက အရင်အတိုင်း တူညီတဲ့ ပမာဏနဲ့ ဆက်ပြီး ပို့ပေးနေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
TurkStream သည် ရုရှားမှ သဘာဝဓာတ်ငွေ့များကို ပင်လယ်နက်အောက်မှ ပိုက်လိုင်းဖြင့်တူရကီ သို့ ပို့ဆောင်ပေးနေသည့် အရေးကြီးသော စွမ်းအင်စင်္ကြံတစ်ခုဖြစ်ပါတယ်။ ယူကရိန်းက ယခုနှစ်တွင် မော်စကိုနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး သဘောတူညီချက်ကို သက်တမ်းတိုးရန် ငြင်းဆိုပြီးနောက် ရုရှားရဲ့ သဘာဝဓာတ်ငွေ့ကို ဥရောပတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ ထောက်ပံ့သည့် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ကျန်ရှိနေတဲ့ ပိုက်လိုင်းဖြစ်ပါတယ်။
၂၀၂၄ မှာ ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုသည် ၂၃ % တိုးလာပြီး ၁၆.၇ ဘီလီယံကုဗမီတာ (bcm) အထိ ရောက်ရှိခဲ့ပါတယ် ။ ပိုက်လိုင်းတွင် အပိုင်းနှစ်ပိုင်းပါရှိပါတယ် ။ တစ်ပိုင်းက တူရကီရဲ့ ပြည်တွင်းစွမ်းအင် လိုအပ်ချက်များကို ဆောင်ရွက်ပေးနေပြီး ကျန်တစ်ခုမှာ စထရန်ဇာ စခန်းမှတစ်ဆင့် ဘူလ်ဂေးရီးယားသို့ ဓာတ်ငွေ့များ ပို့ဆောင်ပေးနေပါတယ်။ အဲ့ဒိလမ်းကြောင်းကနေ ဘော်လန်ကန်ဒေသနိုင်ငံများကို ဘူလ်ဂေးရီးယားနှင့် ဆားဘီးယားမှတဆင့် ဟန်ဂေရီအထိ ပို့ကာ ရုရှားဓာတ်ငွေ့များကို အခြားအီးယူနိုင်ငံများသို့ ဖြန့်ဖြူးရာတွင် လွယ်ကူချောမွေ့စေပါတယ်။ နှစ်စဉ် စုစုပေါင်းစွမ်းအင် ၃၁.၅ bcm ပေးပို့ခြင်းဖြင့် TurkStream သည် ဒေသတွင်း စွမ်းအင်လုံခြုံရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment