ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇန်နဝါရီ ၁၅ 

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်း ဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်း ကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်း ကဏ္ဍနှင့်ပတ်သက်၍ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော် အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်း တာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ၊ ပြည်သူလူထု၏

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်သော စက်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ထပ်မံဖြည့်တင်းရန်ရှိပါက ကော်မတီသို့ တင်ပြလျှင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာကော်မတီဝင်နှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ဝန်ကြီးဌာနများထံက တင်ပြသည့်အမှုတွဲများကို ရှင်းလင်းတင်ပြကြပြီး တင်ပြသည့်အမှုတွဲများနှင့် ပတ်သက်၍ ဆွေးနွေး အတည်ပြုကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည် မုခ်ဦးနှင့် ပြခန်း တည်ဆောက်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်အတူ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ တွင် ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာ ဆိုင်ခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှု လုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်များ ကို ပိုမိုကောင်းမွန်အောင်နှင့် အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို MSME လုပ်ငန်း များ အောင်မြင်စေရေးနှင့် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရေး၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များနှင့် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)