ခရီးသည်လေယာဉ်နဲ့ စစ်သုံးရဟတ်ယာဉ် လေထဲမှာ တိုက်မိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးသည်လေယာဉ်နဲ့ စစ်သုံးရဟတ်ယာဉ် လေထဲမှာ တိုက်မိ



ဇန်နဝါရီ -၃၀ ( ကြာသပတေးနေ့ ) 

အမေရိကန် ဝါရှင်တန်မြို့ကောင်းကင်မှာ ခရီးသည်တင်လေယာဉ်နဲ့ စစ်သုံးရဟတ်ယာဉ်တို တိုက်မိက ပျက်ကျသွားကြတယ်လို သိရပါတယ်။ 

မျက်မြင်တစ်ဦးရဲ့ အဆိုအရ လေယာဉ်နှင့် ရဟတ်ယာဉ်တို့ တိုက်မိလိုက်တဲ့ အချိန်မှာ ကောင်းကင်ပေါ်မှာ “အဖြူရောင် မီးတောက်များ” လင်းထိန်သွားတဘ်လို ဆိုပါတယ်။ အချို့က အစောပိုင်းမှာ ကြယ်ကျွေတယ်လို ထင်မှတ်နေကြပါတယ်။ မီးသတ်ကားတွေ၊ ရဲကားတွေနဲ့ စက်လှေတွေ ထွက်လာတာ မတွေ့မချင်းအထိ ကျနော်တို့က သိပ်ပြီး ဆန်းဆန်းပြားပြားမတွေးမိပါဘူး။ နောက်မှ ကျနော်တို့ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ကြပြီး ကြေကွဲဖွယ်ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတာပါ။ကျနော် တကယ်ကို အံ့သြမိပါတယ်။ ဒီည ဖြစ်ပျက်ခဲ့တာက ကြောက်စရာကောင်းပါတယ်။  ဖြစ်ပျက်ခဲ့တာကို မြင်လိုက်ရတာက ရူးသွပ်လုနီးပါးကို ဖြစ်ခဲ့ကြပါတယ်။ ဒီမတော်တဆမှုမှာ ပါဝင်သူအားလုံးအတွက်ကျနော် ဆုတောင်းပေးပါတယ်" လို့ ၎င်းကဆိုပါတယ်။ 

အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး လေကြောင်းထိန်းချုပ်ရေး တာဝါကလည်း မမြင်လိုက်ဘူးလို့ ဆိုထားပါတယ်။ မတော်တဆဖြစ်မှု မတိုင်ခင် စက္ကန့် ၃၀ အတွင်း တာဝါနဲ့ လေယာဉ်ရော၊ ရဟတ်ယာဉ်ပါ အဆက်အသွယ် ရနေပါတယ်။ ရဟတ်ယာဉ်ပိုင်းလော့ကို တာဝါက လေယာဉ်ကိုတွေ့ ရလာလားလို မေးခဲ့သလို လေယာဉ်ပိုင်းလော့ ကိုလည်း ရဟတ်ယာဉ်ကို မြင်ရသလားလို မေးခဲ့ပါတယ် ။ ၂ စင်းစလုံးက ပိုင်းလော့တွေက မမြင်ရဘူးလို့ ပြန်ဖြေခဲ့ကြပါတယ်။ လေယာဉ်ပိုင်းလော့ကတောင် တာဝါ ခင်ဗျားတို့ မြင်ရသလားလို့တောင် ပြန်မေးပါတယ်။ 

ပိုတိုမက် မြစ်ထဲကို ထိုးကျသွားတဲ့ ယာဉ်၂ စင်းကနေ အလောင်းတွေကို ရသလောက်ကောက်ယူနိုင်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။ လောလောဆယ် ဆယ်ယူလိုရတဲ့ အလောင်း ၂၀ ရနေပြီဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၆၀ ပါရှိပြီး စစ်သုံး ရဟတ်ယာဉ်ပေါ်က အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ မတော်တဆ ဖြစ်မှုမှာ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှ မရှိနိုင်ဘူးလို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။ 

မနေ့ညက ဒေသစံတော်ချိန် ည ၉ နာရီလောက်မှာ ဖြစ်ပွားတဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် မတော်တဆတိုက်ခိုက်မှု က  ဝါရှင်တန်ဒီစီ ရေဂင်အမျိုးသားလေဆိပ်နားမှာဖြစ်ပြီး အခင်းဖြစ်ပွားမှု ဗီဒီယိုဖိုင်တွေက အွန်လိုင်းပေါ်မှာ ပျံ့နှံသွားပါတယ်။ 


Ref - News 18

#MNP #News #American

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)