တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်၊ ကိုကိုးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်၊ ကိုကိုးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

 








နေပြည်တော်၊ ဇန်နဝါရီလ ၃၀

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်း ဒေသကြီး၊ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန် များဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယ‌နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့သို့ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ကိုကိုးကျွန်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌အခြေပြု၍ ကိုကိုးကျွန်းမြို့ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၆၂ ဦးအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့   ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၈၅ ဦး၊ ခွဲစိတ်ရောဂါ ၂၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၄၀ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၁၂ ဦး၊ မျက်စိရောဂါ ၁၂၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၈ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

အမှတ်(၁)ရပ်ကွက်ကပါရှင့်၊ ဆေးကုသမှုခံယူရတာက အခုလိုလာပြီး ကုသပေးတဲ့ အတွက်ကြောင့်မို့လို့ ဒီမှာက လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတဲ့အတွက်ကြောင့် လာပြ တာပါအားလုံးအတွက်အဆင်ပြေကြပါတယ်။ သွားရလာရတာလည်း မရှိဘူးဆိုတော့ အကုန်အကျလည်း သက်သာသွားပါတယ်ရှင့် ကျွန်မကအမျိုးသမီးရောဂါနဲ့ လာပြတာပါရှင့် ဒေသခံတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် အခုလိုလာကုသပေးတာဆိုရင် ကျွန်မတို့ အနေနဲ့ ရန်ကုန်ကိုလည်းသွားစရာမလိုတော့ပါဘူး အဲဒီအတွက် ကုန်ကျစရိတ်တွေလည်း အများကြီးသက်သာသွားတယ် ဒီမှာလည်းအကုန်လုံးကို စမ်းသပ်ကုသပေးတဲ့အတွက် အားလုံးအဆင်ပြေကြပါတယ် အခမဲ့လာကုသပေးတဲ့အတွက်လည်းဒီကျွန်းသားတွေ ငွေကုန် ကြေးကျသက်သာတဲ့အတွက် အားလုံးအဆင်ပြေကြပါတယ် အခုလိုလာရောက်ကုသပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် နောက်နှစ်တွေမှာလည်း လာရောက်ကုသပေးဖို့ တောင်းဆိုပါတယ်။                                                                                                                                                                        

ကျွန်မရပ်ကွက်(၂)ကလာပြတာပါ။ အမေ့ကိုအမျိုးသမီး ရောဂါလာပြပေးတာ  အဖေ့ ကိုမျက်စိလာပြပေးတာပါ အဖေဆိုလို့ရှိရင်မျက်စိက တိမ်ဖြစ်နေလားဘာဖြစ်နေလည်း စမ်းသပ်ဖို့က ခေတ်မီစက်ကိရိယာတွေလည်းမရှိဘူး ကျွန်းမှာဒီလိုလွယ်လွယ်ကူကူနဲ့ စမ်းသပ်လို့မရတဲ့အတွက် အခုလိုသင်္ဘောကြီးလာတဲ့အခါမှာ အလွယ်တကူနဲ့ ဘာရောဂါရှိတယ် ဆိုတာသိသွားတယ် ကိုယ်လည်းကုသလို့ အဆင်ပြေသွားတယ်ဆိုတော့ တစ်ချက်ခုတ်ပြီး ဘယ်နှစ်ချက်လောက်ပြတ်သွားမှန်းမသိဘူး တော်တော်လေး အဆင်ပြေသွားတယ် ကျွန်မတို့အနေနဲ့ ရန်ကုန်တစ်ခေါက်သွားဖို့ဆိုတာ လမ်းပန်း ဆက်သွယ်ရေးလည်း အခက်အခဲဖြစ်တယ် နောက်ပြီးငွေရေးကြေးရေးလည်းရှိတယ် ငွေကြေးအနေနဲ့ ဆိုရက်အခုခေတ်ကာလနဲ့ဆိုရင် အများကြီးကုန်ကျမှာ အဲဒီအတွက်ကို အစစအရာရာ အဆင်ပြေသွားတယ် ရန်ကုန်သွားမယ်ဆို နေစရာလည်း ပူရမယ်။ စားစရာလည်းပူရမယ်။ ဆေးရုံစရိတ်လည်းပူရမယ်။ အခုလိုလာကုပေးတဲ့အတွက် အရမ်း ကိုဝမ်းသာပါတယ် နိုင်ငံတော် အကြီးအကဲတွေကိုလည်း အားလုံးကိုကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အကြီးအကဲကလည်း ကျွန်မတို့ကိုကိုးကျွန်းကို သတိတရနဲ့ အခုလို လွှတ်ပေးပြီး စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ဆီကိုတကူးတကနဲ့ လာကုသပေးတယ် နွေနွေးထွေးထွေးနဲ့ လာပြီးစမ်းသပ်ကုသပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ တစ်နှစ်ကိုတစ်ကြိမ် နှစ်ကြိမ်လာစေချင်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။


#MNP #News #Health

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)