နေပြည်တော်၊ ဇန်နဝါရီလ ၃၀
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်သို့ ရောက်ရှိကြရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဒေးဒရဲမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဆုတောင်းပြည့်ရွှေဘုန်းမြင့်စေတီတော်၊ မြို့လယ်သံတန်ဆောင်းကြီးတွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၆ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄၄ ဦး၊ ခွဲစိတ်ရောဂါ ၁၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၆ ဦး၊ ကလေးရောဂါ ၂၁ ဦး၊ အရိုးရောဂါ ၈၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၃ ဦး၊ မျက်စိရောဂါ ၉၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၂ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာ ၃ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဆေးကုသမှုခံယူခဲ့သည့် ဒေသခံတစ်ဦး က "ကျွန်တော်ကဒူးနာတယ်၊ ခါးနာတယ်။ ဆီးချိုသွေးချိုလဲရှိလို့ အားကိုး လို့လာပြတာပါ။ အားရဝမ်းသာရှိပါတယ်။ မကုနိုင်သေးတဲ့သူတွေလဲကုနိုင်မယ်။ ကုနိုင်တဲ့သူလဲကုလို့ရမယ်။ အယုတ်အလတ်အမြတ်မရွေး ကုနိုင်တဲ့ အတွက် အားကိုးပါတယ်။ အခုလိုနယ်လှည့်ပြီးကုတဲ့ဆရာဝန်တွေကို အထူးပဲ ကျေးဇူး တင်ပါတယ်။ နောင်လဲလာခဲ့ပါဦးလို့ ဖိတ်ခေါ်ပါတယ်၊၊" ဟု ပြောသည်။
ဆေးဝါးကုသမှုခံယူခဲ့သည့် အမျိုးသမီးတစ်ဦး က " ကျွန်မ အရိုးအကြောပြချင်လို့။ လက်ကကိုက်ကိုက်နေလို့ ဘောပင်တောင် မကိုင်နိုင်ဘူး။ အခါအခွင့် ကြုံကြိုက်တုန်းလေးကို ကျွန်မ လာပြလိုက်တာပါ။ တော်ရုံတန်ရုံဆေး ခန်းကို သီးသန့်ကြီးသွားပြီးတော့မပြဖြစ်တဲ့ အခြေအနေ မျိုးဆိုရင်တောင်မှပဲ အခုလို နယ်လှည့်ဆေးကုသရေး အဖွဲ့လာတဲ့အတွက် ကြောင့်မို့လို့ရောဂါ ဝေဒနာတွေ သက်သာ ပျောက်ကင်းသွားတဲ့ အတွက် မိသားစုလည်း စိတ်ချမ်းသာမှုတွေရမယ် လို့မျှော်လင့်ပါတယ်။ အခုလို နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျွန်မတို့ ဒေးဒရဲ မြို့နယ်အပြင် နယ်တကာ ကိုလာရောက် ဆေးကုသပေးတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မကနေစပြီး လာရောက် ဆေးကုသကြတဲ့ ပြည်သူပြည်သားတွေ အားလုံးရဲ့ ကိုယ်စားအထူးပဲ ကျေးဇူး တင်ရှိ ပါတယ်ရှင်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျန်းမာ ရေးကောင်းမှ မိသားစု စိတ်ချမ်းသာမယ်၊ အဆင်ပြေမယ် အဲ့တာကြောင့်မို့လို့ အထူးထူး ကျေးဇူးတင်ရှိပါတယ် လို့ပြောချင်ပါတယ်။" ဟု ပြောသည်။
ခွဲစိတ်ကုသမှုခံယူခဲ့သူတစ်ဦး က "ကျွန်တော့်လက်အကြောတင်လို့လာခွဲတာပါ။ အကြောတင်တာ နှစ်လ ကျော်လောက် ရှိသွားပါပြီ။ ဒါပေမဲ့လက်က ကိုင်လို့ပြုလို့မရဘူး။ အလေးအပင် လည်းမလို့မရဘူး။ ကိုက်ခဲနေလို့လာခွဲရတာပါ။ ဒီရောက်တော့ ဆရာဝန်တွေက တစ်နေရာနဲ့တစ်နေရာ အဆင်ပြေအောင် လိုက်လုပ်ပေးတယ်။ အကုန်လုံးကို ခွဲစိတ်တဲ့ နေရာကအစ အဆင်ပြေအောင်လုပ်ပေးတယ်။ ဒေသခံ လူတွေ အတွက်ပါ။ အားလုံးအတွက်အဆင်ပြေအောင်လုပ်ပေးပါတယ်။ လူတွေက အကုန်လုံး ဟိုနားဒီနားကလည်းလာကြတယ်။ ဒီမှာကကုတာတော့ ပိုက်ဆံလဲ မကုန်ဘူးပေါ့။ ဆက်ဆံတာလည်းကောင်းတယ်။ လုပ်ပေးတာလည်း ကောင်း တယ်။ ဆီးချိုမစစ်ချင်ဘူးဆိုလဲသူတို့ကစစ်ပေးတယ်။ အကုန်လုံးပိုသိရအောင် စစ်ပေးတယ်။ အဲတာကြောင့်မလို့ပိုကောင်းသွားတာပါ။ နောက် နောင်အချိန် ကျလို့ရှိရင်လဲ ဆက်ပြီးတော့ပြခွင့်ရရင်လဲ ပိုတော့အဆင်ပြေပါတယ်။ လာလဲ လာစေ ချင်သေးပါတယ် ခင်ဗျာ။" ဟု ပြောသည်။
#MNP #News #Health
Join - https://t.me/MyanmarNationalPost







No comments:
Post a Comment