ဟားမတ်တွေ ဒီနေ့လွှတ်တဲ့ ဓားစားခံ ၇ ယောက်မှာ ထိုင်းနိုင်ငံသား ၅ ယောက်ပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားမတ်တွေ ဒီနေ့လွှတ်တဲ့ ဓားစားခံ ၇ ယောက်မှာ ထိုင်းနိုင်ငံသား ၅ ယောက်ပါ




ဇန်နဝါရီ - ၃၀ ( ကြာသပတေးနေ့ ) 

ဒီနေ့ ဂါဇာကမ်းမြှောင်ဒေသမှာ ဓားစားခံလဲလှယ်ရေး အစီအစဉ် ဆက်လုပ်ဖြစ်ပါတယ်။ ဟားမတ်တွေက ဓားစာခံ ၇ ဦးလွှတ်ပေးရာ အစ္စရေး စစ်သမီးတစ်ဦး ပါပြီး ထိုင်းနိုင်ငံသား ၅ ယောက်ပါပါတယ်။ အေဂမ်ဘာဂါ ( ၂၀နှစ် ) ကို လက်နက်ကိုင်ဟားမတ်တွေက ခေါ်ဆောင်လာပြီး စင်ပေါ်တင်ကာ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ပြီးမှ စစ်သွေးကြွတွေက သူမကို ကြက်ခြေနီအဖွဲတွေရဲ့ လက်ထဲကို အပ်လိုက်ကြတာပါ။ ပြီးခဲ့တဲ့အခေါက်ကလွှတ်တဲ့ ၇ ဦးကတော့ အမျိုးသမီးတွေချည်းပဲ ဖြစ်ပါတယ်။ 

“ပြန်လာတဲ့ဓားစာခံကို ဂါဇာကမ်းမြှောင်မှာရှိတဲ့ IDF နဲ့ ISA တပ်ဖွဲတွေဆီ လွှပြောင်းပေးလိုက်ပါပြီ။ ပြန်လည်ရောက်ရှိလာသော ဓားစာခံသည် လက်ရှိတွင် IDF အထူးတပ်ဖွဲများနှင့် ISA တပ်ဖွဲများနှင့်အတူ အစ္စရေးနယ်မြေသို ပြန်လည်ရောက်ရှိလာကာ ကနဦးဆေးဘက်ဆိုင်ရာ အကဲဖြတ်မှုခံယူရမှာ ဖြစ်ပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ၏ တပ်မှူးများနှင့် စစ်သားများသည် အစ္စရေးနိုင်ငံသို ပြန်လည်ရောက်ရှိလာသည့် ဓားစာခံများကို အလေးပြုကြပြီး ပြန်လည်ရောက်ရှိလာသည့် ဓားစာခံများကို ကြိုဆိုလျက် ရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ (IDF) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဓားစာခံအားလုံး ပြန်လည်လွတ်မြောက်နိုင်ရေး အတွက် အစ္စရေးအစိုးရ ထံ ကတိပြု ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “အစ္စရေးအစိုးရက အစ္စရေးကာကွယ်ရေး တပ်ဖွဲမှ စစ်သားတစ်ဦးဖြစ်သော အေဂမ်ဘာဂါကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးနေသူအားလုံးကို အစ္စရေးအစိုးရကို  ပြန်လည်ရှာပေးပါမယ်လို  ကတိကဝတ်ပြုထားပါတယ်” လို အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 


Ref - News 18

#MNP #News #Israel

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)