ရန်ကုန်၊ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လှမျိုးအောင်ပလတ်စတစ်လုပ်ငန်းမှ အာမခံအလုပ်သမား ဦးကျော်ကျော်အောင်၏ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် လုပ်အားဆုံးရှုံးမှု (၆၀%) အတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ၆၃၅၀၄၀၀/-နှင့်ARK Premium Solution Co.,Ltd မှ အာမခံအလုပ်သမား ဦးရဲလတ်ဟိန်၏ ဆေးဖိုးပြန်အမ်းငွေ ၂၂၆၄၀၄၀/- အား ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ မနက် ၁၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးတိုင်းတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါအကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းတာဝန်ခံအရာရှိမှ ကမာရွတ်မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လှမျိုးအောင်ပလတ်စတစ်လုပ်ငန်းမှ အာမခံအလုပ်သမား ဦးကျော်ကျော်အောင်အား အမြဲတမ်းလုပ်အားဆုံးရှုံးမှု(၆၀%)အတွက် ငွေလုံးငွေရင်း ၆၃၅၀၄၀၀/- အားလည်းကောင်း ARK Premium Solution Co.,Ltd မှ အာမခံအလုပ်သမား ဦးရဲလတ်ဟိန်း၏ ဆေးဖိုးပြန်အမ်းငွေ ၂၂၆၄၀၄၀/- အား အလုပ်ဌာနတာဝန်ခံများ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ WCC အဖွဲ့ဝင်များ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment