မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ပိုစတာပြသခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ပိုစတာပြသခြင်းများ ဆောင်ရွက်




မုဒုံ၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး​ ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ကွမ်ကသောင်) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိချစ်စိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာပေဖတ်ရှုလေ့လာခြင်းသည် ဘဝအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်သောကြောင့် ငယ်ရွယ်စဥ် ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ရမည် ဖြစ်ပါကြောင်း၊ ကျောင်းစာအပြင် ပြင်ပစာပေများကို ဖတ်ရှု လေ့လာခြင်းဖြင့် အမှား/အမှန် ခွဲခြားတတ်စေရန်၊ အသိပညာ ဗဟုသုတပြည့်စုံ၍ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံက စားသုံးသူကာကွယ်ရေးအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ  (၁၂၀) ဦးမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။


အောင်မျိုးသူ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)