တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ












ရန်ကုန်၊  ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက                   “ မြန်မာ့ကျောင်း ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိဆွေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တက် ရောက်လာသော ဧည့်သည်တော်တစ်ဦးမှ အမှာစကားပြောကြားခဲ့ပြီး အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ The Blind Boy Poem Song ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရရှိခဲ့ကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူလေးများအား သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘဆရာအသင်းဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းလုပ်ငန်းတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးသော မိဘများအား ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တာမွေမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိဆွေက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ ဘက်စုံပညာရည် တို့လှမ်းချီ ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊  အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)