ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆဋ္ဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆဋ္ဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲပြုလုပ်



ညောင်ရွှေ၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဆဋ္ဌမအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်း စက်ဘီးစီးနင်းပွဲကို ယမန်နေ့နံနက်(၇)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းစုရပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး အကြီးတန်း(၃၀)ကီလိုမီတာနှင့် အငယ်တန်း(၁၅) ကီလိုမီတာ စက်ဘီးစီးနင်း ခြင်းအတွက် သေနတ်ပစ်ဖောက်၍ တာလွှတ်ပေခဲ့သည်။

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲအပြီးတွင် ပန်းဝင်သည်အထိစီးနင်းခဲ့ကြသူများအား ကံစမ်းမဲဖွင့်ဖောက်၍ အမှတ်တရလက်ဆာင်ဆုများ ပေးအပ်ချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ တာဝန်ရှိသူများက ဆုရရှိကြသူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း နှင့် စုပေါင်းစက်ဘီးစီးနင်းပွဲသို့ စက်ဘီးစီးအားကစားသမား ကျား/မစုစုပေါင်း (၅၀၀)ဦးကျော် ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)