အေးသာယာမြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး Uni Energy Co.Ltd နှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အေးသာယာမြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး Uni Energy Co.Ltd နှင့် ညှိနှိုင်းဆွေးနွေး




တောင်ကြီး၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်မှုဇုန်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး UNI ENERGY Co.Ltd ပနာမကွင်းဆင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ၁၇-၁-၂၀၂၅ ရက်နေ့က အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က  အမှာစကားပြောကြားရာတွင် အေးသာယာစက်မှုဇုန်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေနိုင်ရေးစီစဉ်လျက်ရှိပါကြောင်း၊ ဆောင်ရွက်မည့်ကုမ္ပဏီအနေဖြင့်လည်း သက်သာသောဈေးနှုန်းဖြင့်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကုမ္ပဏီမှဆောင်ရွက်မည့်အစီအစဉ်နှင့် မိမိတို့ဘက်မှဖြည့်ဆည်းပေးရမည့် အခြေအနေများကို တင်ပြစေလိုကြောင်း၊ တက်ရောက်လာသည့်ဌာနဆိုင်ရာများကလည်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးဖြည့်ဆည်းပေးနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်ပြောကြားပြီး Uni Energy Co.Ltd မှ မန်းနေဂျင်း ဒါရိုက်တာ ဦးအောင်ကျော်နိုင်က လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာနစ်ဖြင့်အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အေးသာယာစက်မှုဇုန်အတွင်း သင့်တော်သော ဈေးနှုန်းဖြင့် ဆိုလာစနစ်လျှပ်စစ်မီးရရှိရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးတည်ဆောက်မည့် မြေနေရာအားကွင်းဆင်းကြည့်ရှု့ရာ စက်မှုဇုန်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်နှင့်တာဝန်ရှိသူများက တည်ဆောက်မည့်မြေနေရာလျာထားဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံပြသခဲ့ကြောင်း သိရှိရသည်။


စိုင်းသန်းကျော် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)