အီရန်တရားသူကြီး ၂ ဦး ကို အမည်မသိ သေနတ်သမား လုပ်ကြံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်တရားသူကြီး ၂ ဦး ကို အမည်မသိ သေနတ်သမား လုပ်ကြံ


ဇန်နဝါရီ - ၁၉ ( တနင်္ဂနွေနေ့ ) 

အီရန်နိုင်ငံတွင် အမည်မသိလူသတ်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အီရန်တရားရုံးချုပ် တရားသူကြီးနှစ်ဦး သေဆုံးခဲ့ကြောင်း IRNA သတင်းဌာနက စနေနေ့တွင် ဖော်ပြခဲ့သည်။ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရန် ကြိုးပမ်းနေစဉ် ၎င်းက အခင်းဖြစ်ပွားသည့် နေရာတွင်ပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦး မှာ တရားရုံး၏မတူညီသောဌာနခွဲတစ်ခုတွင် ဦးဆောင်လျက်ရှိသည်။ တရားသူကြီးနှစ်ဦးသည် နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ကြီးကြီးမားမားပါဝင်နေကြောင်း၊ တရားစီရင်ရေးဌာနမှ ထုတ်ပြန်ချက်တွင် ၎င်းတို့အား “ရဲရင့်ပြီး အတွေ့အကြုံရှိသူ” အဖြစ် ဖော်ပြထားသည်။

တရားစီရင်ရေးမဏ္ဍိုင်၏ မီဒီယာစင်တာက တိုက်ခိုက်မှုသည် “စီစဉ်ထားသော လုပ်ရပ်ဖြစ်သည်” ဟုဆိုကာ ကနဦး ညွှန်ပြချက်များမှာ လုပ်ကြံသတ်ဖြတ်သူသည် “တရားရုံးချုပ်တွင် အမှုမရှိသလို၊ သူသည် တရားရုံး၏ အမှုသည်လည်း မဟုတ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ 

“အကြမ်းဖက်လုပ်ရပ်ပြီးတာနဲ့ ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တဲ့ သေနတ်သမားကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်” ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီရန်အရာရှိများကတော့ ဂျူးတွေနဲ့ အမေရိကန်တို့ရဲ့ အေးဂျင့်တွေ ဖြစ်မည်ဟုသာ စွတ်စွဲကြပါသည်။ “အီရန်နိုင်ငံထဲမှာ အစ္စရေး (ဂျူး) တွေနဲ့ အမေရိကန်တွေရဲ့ လျှို့ဝှက်အေးဂျင့်တွေ၊ သူလျှိုတွေ နဲ့ အကြမ်းဖက်အဖွဲ့တွေ ရှိပါတယ်။ အဲ့ဒါတွေကို ဖော်ထုတ်ဖို့လိုပါတယ်” လို့ သူတို့က ဆိုပါတယ်။ 

အဆိုပါလုပ်ကြံခံရသူ ၂ဦးတွင် တစ်ဦးဖြစ်သူ ရာဇာနီမှာ ၁၉၈၈ ခုနှစ်တုန်းက ၎င်းစီးနင်းသည့်ကားကို မော်တော်ဆိုင်ကယ်သမားတွေက သံလိုက်ဗုံးကပ်ပြီး ဖောက်ခွဲခံခဲ့ရဖူးသည်။ ဒဏ်ရာအနည်းငယ်သာရပြီး လွတ်မြောက်ခဲ့သည်။ ရာဇီနီသည် ထိုအချိန်က တီဟီရန် တရားစီရင်ရေးဌာနကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

အီရန်-အီရတ်စစ်ပွဲအပြီး ၁၉၈၈ ခုနှစ်တွင် အတိုက်အခံများအား သုတ်သင်ရှင်းလင်းမှုတွင် တရားသူကြီးနှစ်ဦး ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် အီရန်အာဏာပိုင်များ၏ အဓိကပစ်မှတ်မှာ အီရတ်နိုင်ငံကို ကျောထောက်နောက်ခံပြုထားသော အင်အား ၇,၀၀၀ ဖြင့် နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့သည့် အီရန်နိုင်ငံ ပြည်သူ့ မူဂျာဟီဒင်အဖွဲ့  (MEK) ဖြစ်သည်။

အစ္စလာမ့်အခြေခံမူများနှင့် တော်လှန်မာ့က်စ်ဝါဒကို အယူဝါဒရောနှောထားသော MEK သည် 

အယ်လ်ဘေးနီးယားတွင် ဆယ်စုနှစ်များစွာ အခြေစိုက်ခဲ့ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေး နောက်ပိုင်းတွင် အဆိုပါ အဖွဲ့၏ တိုက်ခိုက်ရေးသမားများကြောင့် အရပ်သား ၁၂,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန် အာဏာပိုင်များက ပြောကြားခဲ့သည်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)