ပြင်ဦးလွင်တွင် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်တွင် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်မည်


နေပြည်တော်၊ ဇန်နဝါရီ ၁၉

စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြင်ဦးလွင်ရှိ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက္ကသိုလ်များမှ ဆရာ ဆရာမများကို Training For Trainer အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း “2025, The Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ကဏ္ဍခေတ်တစ်ခေတ်ဆန်းသစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ်ဘူမိဗေဒပညာရှင်များ၊ ရေနံအင်ဂျင်နီယာများအပါအဝင် စက်မှု၊ ဓာတုအင်ဂျင်နီယာများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် Stakeholder များက ဝိုင်းဝန်းပံ့ပိုးအားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘာသာရပ်အလိုက် ကျောင်းသူ ကျောင်းသားများအား Scholarship ပေးနိုင်ရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိဗေဒဘာသာရပ်ကို ၄ နှစ် ဘွဲ့သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့များရရှိပြီးချိန်တွင် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လိုပါက လက်ခံခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ဘူမိဗေဒဘာသာရပ်၊ ရေနံအင်ဂျင်နီယာဘာသာရပ်၊ ဓာတုအင်ဂျင်နီယာဘာသာရပ်နှင့် စက်မှုအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သင်ကြားမှုအခြေအနေ၊ လိုအပ်ချက်များနှင့် ပံ့ပိုးဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကိုလည်းကောင်း၊ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ဗဟုသုတများအပေါ် အခြေခံကာ ပိုမိုကောင်းမွန်သော သင်ကြားရေးစနစ်ဖြစ်စေရေး အကြုံပြုချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ရှိ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက္ကသိုလ်များမှ ဆရာ ဆရာမများကို Training For Trainer အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Stakeholder များပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးစေကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေနံချောင်းတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်း၊ ကုမ္ပဏီများမှ ပညာရှင်များ ပါဝင် ဆွေးနွေးခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)