မနှစ်က ရုရှားဆီကယူရေနီယံတွေ ဂျာမန်တွေ တိုးပြီးဝယ်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မနှစ်က ရုရှားဆီကယူရေနီယံတွေ ဂျာမန်တွေ တိုးပြီးဝယ်ခဲ့


ဇန်နဝါရီ - ၇ ( အင်္ဂါနေ့ ) 

ဂျာမနီနိုင်ငံက ၂၀၂၄ ခုနှစ်မှာ ရုရှားယူရေနီယံ တင်သွင်းမှု သိသိသာသာ တိုးခဲ့ပြီး ယခင်နှစ်များကထက် ၇၀ ရာခိုင်နှုန်း ခုန်တက်ကာ ၆၀ ဒသမ ၈ တန် တိုးခဲ့ကြောင်း Der Spiegel သတင်းဌာနက  သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်အရ သိရပါတယ်။ တွေ့ရှိချက်များက  ဂျာမဏီရဲ့ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် ရာသီဥတုကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအပေါ် အခြေခံထားပါတယ်။

ဂျာမဏီ စွမ်းအင်ကုမ္ပဏီကြီး EDF ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ ဖရာမက်တိုမီ နဲ့  ပြင်သစ်ပိုင်ဆိုင်ခွင့်အောက်တွင် လည်ပတ်နေတဲ့ လင်ဂျန်မြို့ရှိ အဆင့်မြင့်နျူကလီးယားလောင်စာစက်ရုံတို့က ရုရှားယူရေနီယမ်တွေကို စီမံဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါစက်ရုံများသည် အရှေ့ဥရောပတွင် လည်ပတ်နေဆဲ ဆိုဗီယက်ဒီဇိုင်းထုတ် WWER ဓာတ်ပေါင်းဖိုများအတွက် အထူးပြုနျူကလီးယားလောင်စာဆဲလ်များ ထုတ်လုပ်ပေးနေရတာပါ။ အဲ့ဒိ ဓာတ်အားပေးစက်ရုံတွေက  ရုရှားလုပ် လောင်စာဆဲလ်များပေါ်တွင် သမိုင်းကြောင်းအရ မှီခိုနေခဲ့ရတာပါ။

ရုရှားနိုင်ငံမှ ယူရေနီယံ တင်သွင်းမှုသည် မော်စကိုအစိုးရအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှု တစ်စုံတစ်ရာနှင့် မသက်ဆိုင်ကြောင်း ဂျာမနီအစိုးရက မှတ်ချက်ပြုထားပါတယ်။

ငြိမ်းချမ်းစွာအသုံးပြုရန်အတွက် နျူကလီးယားလောင်စာဆီ တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်းအား ဥရောပသမဂ္ဂမှ ရုရှားနိုင်ငံအပေါ် ပိတ်ပင်တားမြစ်ခြင်း မရှိသေးကြောင်း သဘာဝပတ်ဝန်းကျင်၊ သဘာဝထိန်းသိမ်းရေး၊ နျူကလီးယားကင်းရှင်းရေးနှင့် စားသုံးသူကာကွယ်ရေးဗဟိုဌာနမှ ပြောကြားခဲ့ပါတယ်။

မော်စကိုအစိုးရရဲ့ စွမ်းအင်ဆိုင်ရာ ဆက်ဆံမှုများကို ဖြတ်တောက်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှား၏ နျူကလီးယားကဏ္ဍကို ပိတ်ဆို့အရေးယူရန်ဥရောပသမဂ္ဂ( EU ) မှာ ကာလရှည်ကြာ ဆွေးနွေးငြင်းခုံခဲ့ ကြပါတယ်။ ဒါပေမဲ့  ရုရှားနှင့်နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အားကိုးနေရတဲ့  ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့က ပြင်းထန်စွာကန့်ကွက်သောကြောင့် ယင်းကန့်သတ်ချက်များသည် မည်သည့်အခါမျှ အကောင်အထည်ပေါ်မလာပေ။

 

REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)