ပါးရိုက်ရင် နားကိုက်မှာပဲလို့ ဟွန်ဒူးရက် က အမေရိကန်ကို ကြိမ်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါးရိုက်ရင် နားကိုက်မှာပဲလို့ ဟွန်ဒူးရက် က အမေရိကန်ကို ကြိမ်းပြီ


ဇန်နဝါရီ - ၆ ( အင်္ဂါနေ့ ) 

အမေရိကန်ကို လာရောက်ပြီးရွှေ့ပြောင်းအခြေချနေတဲ့ ဗဟိုအမေရိကားမှ ဒုက္ခသည်တွေ နဲ့ ခိုလှုံခွင့်တောင်းခံသူ တွေကို သူတို့နေရပ်ဒေသဆီ ပြန်လွှတ်ဖို့ သမ္မတလောင်း ဒေါ်နယ်ထရမ့် ကြံနေတယ်ဆိုရင်တော့ ကျမတို့ ဆီမှာ လာထားထားတဲ့ အမေရိကန်စစ်တပ်တွေကို မောင်းထုတ်ပစ်မယ်လို့ ဟွန်ဒူးရက်သမ္မတ ရှောင်မာရာ ကတ်စထရိုက ကြိမ်းဝါးလိုက်ပါတယ်။ 

“ဘယ်လောက်တောင်ကြာပြီလဲ ၊ ၁၀ စုနှစ်တော်တော်များများဖြစ်နေပြီ။ အမေရိကန်စစ်တပ်တွေ ကျမတို့ရဲ့မြေမှာ လာပြီး တပ်စွဲထားတာလေ။ တစ်ပြားမှ မပေးဘူးနော်။ အခု ကျမတို့ဆီကလူတွေ သူတို့ဆီသွားနေတာကို မောင်းထုတ်မယ်ဆိုရင်တော့ ကျမက ပါးရိုက်ရင်နားပြန်ကိုက်မှာ။ အမေရိကန်တွေကို ပြန်မောင်းထုတ်ရုံပဲ။ အမေရိကားမှာရှိတဲ့ ကျမတို့ရဲ့ သွေးချင်းတွေဒုက္ခရောက်ရတယ်ဆိုတာကို ကျမ မမြင်ချင်ပါဘူး” လို့ သူမက ဆိုပါတယ်။ ဒေါ်နယ်ထရမ့်က အမေရိကားကိုရောက်နေတဲ့ နိုင်ငံခြားသားရွှေ့ပြောင်းတွေကို နေရင်းဒေသဆီပြန်လွှတ်ဖို့အတွက် အစီအစဉ်တွေ ချထားပါတယ်။ အဲ့ဒိထဲမှာ ဟွန်ဒူးရက်သားတွေ သောင်းနဲ့ချီပြီး ပါနေပါတယ်။ 

အမေရိကန်က ဟွန်ဒူးရက်က ကိုမာရာဂွာမြို့မှာ လေတပ်အခြေစိုက်စခန်းတစ်ခု ချထားပါတယ်။ မြို့တော် တီဂူဆီဂယ်ပါ နဲ့သိပ်မဝေးပါဘူး။ အခြေစိုက်စခန်းချထားတာ နှစ် ၄၀ကျော်ပါပြီ။ ကတ်စထရိုကတော့ အမေရိကားကို အဲ့လို့ကြိမ်းပေမဲ့ သူမရဲ့ အတိုက်အခံတွေကတော့ အမေရိကားနဲ့ စီးပွားဖြစ်နေတာကို ဘာဖြစ်လို့ ဖျက်လိုဖျက်စီးလုပ်တာလဲဆိုပြီး ဝေဖန်ပြစ်တင်မှုတွေ လုပ်နေပါတယ်။ 


REF -The Hill

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)