ကမ္ဘာ့ဟင်ဒီနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ဟင်ဒီနေ့ အခမ်းအနား ကျင်းပ





နေပြည်တော် ဇန်နဝါရီ ၁၂

၂၀၂၅ ခုနှစ် ကမ္ဘာ့ဟင်ဒီနေ့အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး Swami Vivekananda ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။ 

အခမ်းအနားသို့ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ ဟင်ဒီဘာသာစကားကို စိတ်ဝင်စားကြသော ဝါသနာရှင်များ၊ စာရေးဆရာများ၊ UP Bihar Parishadi, Ramayana Prachar Prasar Samiti, Yangon, Myanmar Hindi Teachers' Association, Arya Samaj နှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကြီးမှူးသော ကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားများ တက်ရောက်ကြသည်။ 

ဦးစွာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Shri Abhay Thakur နှင့် ဧည့်သည်တော်များက အခမ်းအနားကို ဆီမီးထွန်းဖွင့်လှစ်ကြပြီး သံအမတ်ကြီး Shri Abhay Thakur က မိန့်ခွန်း ပြောကြားသည်။ ထို့နောက် ဟင်ဒီဘာသာဖြင့် ကဗျာရွတ်ဆိုခြင်း၊ ဟောပြောခြင်း၊ အထွေထွေဗဟုသုတ ပဟေဠိများနှင့် စာစီစာကုံးရေးသားခြင်း၊ ကျောင်းသားများနှင့် ဆရာများပါဝင်သော ပြိုင်ပွဲများကျင်းပခြင်းတို့ကို ဆောင်ရွက်ကြပြီး "Hindi: Vishwa bandutav ki bhasha" စာအုပ်မိတ်ဆက်အစီအစဉ်ကို ဆောင်ရွက်သည်။

ယင်းနောက် သံအမတ်ကြီး Shri Abhay Thakur က မြန်မာနိုင်ငံရှိ ဟင်ဒီဘာသာစကား သင်ကျောင်းများအတွက် ဖတ်စာအုပ်များကို ပေးအပ်ပြီး ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ကျင်းပ ခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)