ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံ


မြစ်ကြီးနား ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အဖွဲ့ဝင်များ နှင့်အတူ ပူတာအိုမြို့ မြို့မရပ်ကွက် အတွင်းရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်း ကျောင်းထိုင်ဆရာ တော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစာရဉာဏနှင့် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အလှူငွေကျပ် သိန်း၃၀၊ ဆန်အိတ် ၅၀ နှင့် စားဆီငါးပုံးတို့ကို လှူဒါန်းသည်။ ဆက်လက်၍ မချမ်းဘော့မြို့နယ် အတွင်း တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့သွားရောက်ဖူးမြော် ကြည်ညိုပြီး စေတီတော်ဘက်စုံ ပြုပြင် မွမ်းမံနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပူတာအိုမြို့နယ် အတွင်းရှိ တပ်နယ် ဧက ၅၀၀ ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ နမ့်တာလဲ)၌ သီးပင်စားပင် စိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် အသားတိုးဝက်များ မွေးမြူထားရှိ မှုကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး စိုက်ပျိုးဆောင်ရွက်နိုင်မှုနှင့် ဒေသတွင်း ပြန်လည်ရောင်းချပေး နိုင်သည့် အခြေအနေများကို မေးမြန်းဆွေးနွေးကာ မွေးမြူရေး အထောက်အကူပြု ဆေးဝါးများ နှင့် စွမ်းအားပြည့် ဖြည့်စွက် အစာအိတ်များကို ပေးအပ်သည်။ 

ယင်းနောက်ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် အဖွဲ့ဝင်များနှင့်အတူ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ထိုသို့တွေ့ဆုံစဉ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်း က ပူတာအိုဒေသဆိုင်ရာ အချက် အလက်များကို လည်းကောင်း၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များ က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို လည်းကောင်း တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီးတင်အောင်စန်းက နိုင်ငံတော် အနေဖြင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေး မှုတို့ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစား ရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်း စေရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို အလေးအနက်ထား ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပူတာအို ဒေသခံများအနေဖြင့် ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင် ပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ၊ MSME လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ဝမ်းစာဖူလုံအောင် ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင် များသည် ဘာသာရေးအဖွဲ့ ၁၃ ဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဝန်ထမ်းများအတွက် အခြေခံ စားသောက်ကုန်များ၊ ပူတာအို မြို့နယ်နှင့် မချမ်းဘော့မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များအတွက် ချီးမြှင့် ငွေများ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအတွက် DTH စလောင်း အစုံ ၃၀၊ တောင်သူများအတွက် အစေ့ထုတ်ပြောင်းနှင့် ဟင်းသီး ဟင်းရွက်မျိုးစေ့အိတ်များ၊ အိမ် သုံး ဆိုလာအစုံ ၅၀၊ နိုင်ငံတော်မှ အခမဲ့ပေးအပ်သည့် ကျောင်းသုံး ဗလာစာအုပ်များ ချီးမြှင့်ပေးအပ် ကြပြီး ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ဒေသထွက် အသင့်စားထုတ်ကုန်ပစ္စည်းများ ကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပူတာအိုမြို့မ ရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေးသင်တန်းကျောင်း (ပူတာအို)၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံများ၊ ကျောင်း သုံးပစ္စည်းများနှင့် အားကစား အထောက်အကူပြု ပစ္စည်းများပေးအပ်ချီးမြှင့်၍ သင်တန်း ကျောင်းဝင်းအတွင်းရှိ စားရိပ်သာ နှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခါကာဘိုရာဇီရိပ်သာ ဧည့်ခန်းမဆောင်၌ ပူတာအိုဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)