ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဆီးရီးယားပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်လိုအပ်ပြီး နောက်ထပ်အကူအညီများကို ကတိပြုခဲ့ပါတယ်။ ဆီးရီးယား ယာယီခေါင်းဆောင် Ahmed al-Sharaa က နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးဖို့ အနောက်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ဟာ အာဏာရှင်ဟောင်း Bashar Assad ကို ဖြုတ်ချပြီး ရက်သတ္တပတ်အတော်ကြာ ဆီးရီးယားအရေး ဒေသဆိုင်ရာ ညီလာခံတစ်ခုအတွက် ရီယဒ်မြို့ကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။
ဆော်ဒီမြို့တော်မှာ ကျင်းပတဲ့ ညီလာခံကို ယာယီ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Asaad al-Shibani လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
ဆီးရီးယားပြည်တွင်းစစ်အတွင်း ကြီးလေးသောရာဇဝတ်မှုများကျူးလွန်ခဲ့သော အာဆတ်မဟာမိတ်များအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်ထားရှိရမည်ဖြစ်ကြောင်း ညီလာခံမတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ရန် စမတ်ကျသော ချဉ်းကပ်မှုတစ်ခု ပြုလုပ်ရန် သူမက တောင်းဆိုခဲ့ပါတယ်။
“ဆီးရီးယားမှာ ဘာမှမရှိတဲ့သူတွေကို ဆက်ပြီး ကူညီနေပါတယ်၊ နှစ်တွေကြာအောင် ပြည်တွင်းစစ်ကို လုပ်ခဲ့ပြီး၊ စားနပ်ရိက္ခာအတွက် နောက်ထပ် ယူရို သန်း ၅၀ (ဒေါ်လာ ၅၁.၃ သန်း) ထောက်ပံ့ပေးမယ်၊ အရေးပေါ်အမိုးအကာများနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများပေးမယ်” လို့ Baerbock က ပြောပါတယ်။
ယခုလအစောပိုင်းတွင် Baerbock သည် ဒမားစကတ် သို့သွားရောက်ခဲ့ပြီး ဆီးရီးယားအပေါ် EU ၏ ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းခြင်းသည် နိုင်ငံအတွင်း "အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်" ကို အကောင်အထည်ဖော်မှုအပေါ် မူတည်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ထုတ် The Financial Times တွင် ဂျာမဏီသည် ဆီးရီးယားအပေါ် ပိတ်တို့အရေးယူမှုများကို ရုတ်သိမ်းရန် အီးယူကို တွန်းအားပေးနေကြောင်း ဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ၏အဆိုအရ ဆီးရီးယားနိုင်ငံသား ၁၀ ဦးတွင် ခုနစ်ဦးသည် ၁၃ နှစ်ကြာ ပြည်တွင်းစစ်အပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်။
Ref - DW
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment