KNU အကြမ်းဖက်အဖွဲ့မှ မြို့နယ်တရားသူကြီး၏ သားကို KTLA သတ်ဖြတ် အလောင်းဖျောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU အကြမ်းဖက်အဖွဲ့မှ မြို့နယ်တရားသူကြီး၏ သားကို KTLA သတ်ဖြတ် အလောင်းဖျောက်



ကစယ်ဒို၊ ဇန်နဝါရီ ၁၂

KNU အကြမ်းဖက်အဖွဲ့၏ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (ထားဝယ်မြို့နယ် အရှေ့ တောနယ်ဒေသ) မြို့နယ်တရားသူကြီး၏ သားဖြစ်သူကို KTLA အကြမ်းဖက်အဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက KNU ၏ ဝါဒဖြန့်မီဒီယာ ကေအိုင်စီသို့ ပြောကြားထားသည်။

သေဆုံးသူ အသက် (၂၈)နှစ်အရွယ် စောကညောဒိုစိုးသည် KNU အကြမ်းဖက်အဖွဲ့ တပ်မဟာ ၄ မှ လယ်ဒိုစိုး(ထားဝယ်) မြို့နယ်တရားသူကြီး စောကဲဒို၏ ဒုတိယမြောက် သားဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အဆက်အသွယ်ပြတ် ပျောက်ဆုံးကာ ရက်နှစ်ဆယ်ခန့်အကြာတွင် ဝကုန်းကျေးရွာရှိ ရေတွင်းတစ်ခုထဲသို့ ပစ်ချခံထားရသည့် အလောင်းကို ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

KNU အကြမ်းဖက်အဖွဲ့ တပ်မဟာ ၄ ၏ တပ်သားဟောင်းဖြစ်သူ စောကညောဒိုစိုးသည် အရှေ့တောဒေသတွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာလေ့ ရှိသူဖြစ်ပြီး ရုပ်အလောင်းများကို KTLA အကြမ်းဖက်အဖွဲ့၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) စစ်ဆေးရေး ဂိတ်အနီးတွင် တွေ့ရှိကာ KTLA အကြမ်းဖက်အဖွဲ့၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု KNU အကြမ်းဖက်အဖွဲ့ ဘက်က ပြောသည်။

"ဝါးကူရွာက ရေတွင်းပျက်ဟောင်းထဲမှာ ပစ်ချထားတာကို တွေ့တယ်။ သတ်တဲ့သူက KTLA တပ်သားပဲ။ သူ သွားတဲ့နေရာက KTLA ပိုင်းထဲမှာ။ PDF ကရှိရင်လည်း သူ့ကို သတ်မှာ မဟုတ်ဘူး။ သူ့မှာ ဘာရန်ငြိုးမှ မရှိဘူး။ အဲ့မှာ စခန်းချတာက KTLA ပဲ။ မေးရင်လည်း သူတို့အမှန်တိုင်း ပြောမှာ မဟုတ်ဘူး” ဟု တပ်မဟာ (၄) ခရိုင်အတွင်း‌ရေးမှူး ပဒိုစောအဲနာက ပြောသည်။

ထို့အပြင် သေဆုံးသူ၏ ရုပ်အလောင်း၌ ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးဖြင့် တုတ်နှောင်ချည်ထားပြီးမှ ရေတွင်းထဲသို့ ပစ်ချခံထိသည့်အတွက် လည်ပင်းအရိုးကျိုးခြင်း၊ ဦးခေါင်းခွံကွဲအက်ခြင်းအပြင် တခြားအရိုးများ ကျိုးပြတ်ခြင်း ဒဏ်ရာများဖြင့် ဖြစ်နေသည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

၎င်းသေဆုံးသူ ကညောဒိုစိုး၏ အလောင်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ နေ့တွင် မီးသင်္ဂြိုလ်ခဲ့ပြီး ဖြစ်သူလို သေဆုံးသူတွင် ဇနီးဖြစ်သူနှင့် အသက် ၂ နှစ်အရွယ် သားတစ်ဦး ကျန်ရှိခဲ့သည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထားဝယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် KTLA အကြမ်းဖက်အဖွဲ့၊ ဆာကဆောတပ်မဟာ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူ ၃ ဦးအား မတရားဖမ်းဆီး သတ်ဖြတ်မှုများ ကျူးလွန်လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)