နေပြည်တော် ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သက်ကြီး သတင်းစာပညာရှင်ကြီးများအား ဂါရဝပြုဂုဏ်ပြုခြင်း အစီအစဉ်အဖြစ် သတင်းစာပညာရှင်ကြီး ၁၂ ဦး အတွက် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂါရဝပြုချီးမြှင့်ငွေ တစ်ဦးလျှင် ငွေကျပ်ငါးသိန်းစီတို့ကို သတင်းမီဒီယာကောင်စီဝင်များက ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အိမ်တိုင်ရာရောက် ဂါရဝပြု ပေးအပ်လှူဒါန်းသည်။
ဇန်နဝါရီ ၁၁ ရက်တွင် အသက် ၁၀၅ နှစ်ရှိ ခေတ်အဆက်ဆက် သတင်းစာဆရာကြီး ဦးဆိုက်ကျင် အား ၎င်း၏နေအိမ်တွင် လှူဒါန်းခဲ့ပြီး အသက် ၉၅ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဆရာကြီး ဦးမြတ်သူ၊ အသက် ၈၃ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဆရာဦးမျိုးမြင့်၊ အသက် ၉၀ ရှိ သတင်းစာပညာရှင်ကြီး ဟန်ဂေရီ ဦးကိုကိုကြီး၊ အသက် ၉၀ ရှိ သတင်းစာ ပညာရှင်ကြီး ဆရာဦးစဝ်ကိုင်ဖ၊ အသက် ၈၃ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးလှထွန်း (လှထွန်း-တွံတေး) တို့အား ဂါရဝပြုလှူဒါန်းသည်။
ဇန်နဝါရီ ၁၂ ရက်တွင် အသက် ၈၃ နှစ်ရှိ သတင်းစာ ပညာရှင်ကြီး ဦးလှမြင့်၊ အသက် ၈၈ နှစ်ရှိ သတင်းစာ ပညာရှင်ကြီး ဦးဌေးကြည်၊ အသက် ၈၁ နှစ်ရှိသတင်းစာ ပညာရှင်ကြီး ဦးသောင်းမြင့်၊ အသက် ၉၂ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးမြသိန်း၊ အသက် ၈၃ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးစိန်ရွှေလှိုင်နှင့် အသက် ၈၅ နှစ်ရှိ သတင်းစာပညာရှင်ကြီး ဦးသန်းအောင် (သန်းအောင်နိုင်)တို့အား မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များက ဂါရဝပြုလှူဒါန်းကြသည်။
ယခုကဲ့သို့ ဂါရဝပြုချီးမြှင့်နိုင်ရန်အတွက် ကောင်စီဝင်အားလုံးက ငွေကျပ်၂၅ သိန်း၊ ပြန်ကြားရေး ဝန်ကြီးဌာနက ငွေကျပ် ၂၄ သိန်း၊ ဦးကျော်ညွန့်ရည် + ဒေါ်ဝါဝါကျော် မိသားစုက ငွေကျပ် ၁၂ သိန်း၊ စွယ်စုံ မီဒီယာဂရုဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ငွေကျပ် ၁၂ သိန်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment