တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး


တောင်တွင်းကြီး၊ ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ဇန်နဝါရီအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေနံနက် ၇ နာရီတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားပြည့်စုံစွာ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့်​ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး  အလှည့်ကျစနစ်ဖြင့် ထုတ်ယူနိုင်ရေး စီစဥ်ဆောင်ရွက်ပေးထားကြောင်းကို မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။ အလားတူ တောင်တွင်းကြီးမြို့နယ်အတွင်း ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  သတ်မှတ်ရက်ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နောင်နောင်(ဗိဿနိုးမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)