ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်းက အသင်းဝင်တောင်သူများ သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်းက အသင်းဝင်တောင်သူများ သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချ


ပွင့်ဖြူ၊ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် အရည်အသွေးကောင်းသော သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အသင်းဝင်တောင်သူများကို သီးနှံအဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရန်အတွက် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုပစ္စည်းများကို သီးနှံပေါ်ပေးစနစ်ဖြင့် ရောင်းချပေးရာတွင် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က ပြည့်လျှံကုမ္ပဏီနှင့် နန်းထက်မြန်မာကုမ္ပဏီတို့နှင့် ချိတ်ဆက်၍  ပြည့်လျှံသဘာဝမြေဩဇာ၊ စမ်းဝတီသဘာဝမြေဩဇာ၊ တီချေးသဘာဝမြေဩဇာနှင့် ဘိုကာရှီသဘာဝမြေဩဇာများကို အသင်းဝင်တောင်သူများအား သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး လိုအပ်သလောက် ဖြန့်ဖြူးရောင်းချပေးနေကြောင်း၊ လာရောက်ဝယ်ယူလိုသော အသင်းဝင်တောင်သူများအနေဖြင့် မိမိတို့နယ်မြေအလိုက် သက်ဆိုင်ရာမြို့နယ်တောင်သူအမှုဆောင်များ၏ ထောက်ခံချက်ရယူ၍ မြို့နယ်တောင်သူအကျိုးဆောင်အသင်းရုံးသို့ သွားရောက်ဝယ်ယူနိုင်ကြောင်း၊ အဆိုပါ သီးနှံပေါ်ပေးစနစ်ဖြင့် စိုက်ပျိုးရေးသွင်းအားစုများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ရောင်းချပေးခဲ့ရာ ယနေ့ထိ သဘာဝမြေဩဇာအိတ်ပေါင်း ၅၀၀ နီးပါးခန့် ရောင်းချပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော တန်ဖိုးမြှင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ ရည်မှန်းချက် လုပ်ငန်းစဉ် (၇)ရပ်ကို ချမှတ်၍ တောင်သူအကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် တောင်သူအကျိုးဆောင်အသင်းဝင် ကျေးရွာများကို စနစ်တကျ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ရာ ယနေ့ထိ တောင်သူအကျိုးဆောင်အသင်းဝင် ကျေးရွာပေါင်း (၅၀) ဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တောင်သူအကျိုးဆောင်အသင်းဝင် ကျေးရွာများမှ အသင်းဝင်တောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးရေးကုမ္ပဏီများနှင့်ချိတ်ဆက်ကာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော သဘာဝမြေဩဇာများ ဖြန့်ဖြူးရောင်းချပေးခြင်း၊ သီးနှံပေါ်ချိန်တွင် သင့်တင့်မျှတသော သီးနှံဈေးနှုန်းများရရှိစေရန် တောင်သူစုပေါင်း သီးနှံရောင်းချပွဲများ ပြုလုပ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)