မန္တလေး၊ ဇန်နဝါရီ ၇
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တာရှည်အထား ခံနိုင်ရန် ပြုပြင်မွမ်းမံခြင်းနည်း ပညာဝန်ထမ်း(၅)ရက်သင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပုသိမ်ကြီးမြို့နယ်ရှိ ထုံးဘိုရိတ်သိမ်းချိန်လွန်နည်း ပညာသင်တန်းကျောင်း၌ ကျင်းပ ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုး အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမ များ၊ သင်တန်းသူသင်တန်းသားဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က သင်တန်း ဖွင့်ပွဲ အဖွင့်အမှာစကားပြော ကြားရာတွင် စားသုံးသူများ၏ လူနေမှုဘဝစားသောက်မှုပုံစံများ ပြောင်းလဲလာသည်နှင့်အမျှ စားနပ်ရိက္ခာဖူလုံရေး၊ စားသုံးသူများ ၏ ကျန်းမာရေးနှင့် အာဟာရ ပြည့်ဝရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိစေရေးအတွက် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ် လုပ်ခြင်းနှင့် ထုတ်လုပ်သည့် နည်း ပညာများ ပြန့်ပွားရေးလုပ်ငန်းသည် အရေးကြီးသည့် အခန်း ကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံများကို လေလွင့်ဆုံးရှုံးမှုနှင့် အရည်အသွေးများ ပျက်စီးမှုလျော့ နည်းစေရန် ကြာရှည်ခံအောင် စိုက်ပျိုးရိတ်သိမ်းပြီး နောက်ပိုင်း ထုတ်ကုန်များ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း နည်းပညာများနှင့် နည်းစနစ်များ လိုအပ်လျက်ရှိပါ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ များအား အမှန်တကယ် အသုံးပြု နိုင်အောင် အသေအချာ လေ့လာ မှတ်သားပြီး လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံးကာ ထိရောက်စွာအသုံးချနိုင်သည်အထိ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ထုံးဘိုရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် သင်တန်းတွင် ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်း ၃ဝ ဦးအား သင်တန်းပို့ချနေမှုများနှင့် သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထုံးဘိုပိုးစာခြံအတွင်း စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသည့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းနှင့် ရေဆင်း-၁စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများကိုလည်းကောင်း၊ စနစ်တကျပိုးမွေးမြူထားရှိမှုနှင့် ပိုးအိမ်ထုတ်လုပ်နေမှု များကိုလည်းကောင်း လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment