“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဇန်နဝါရီ  ၁၀

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက် အထိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာ အဖွဲအစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး (အေဆမ်)၊ အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ (အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ အစည်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံချင်း၊ ဒေသတွင်း၊ ဒေသခွဲနှင့် နိုင်ငံတကာအစီအစဉ်များတွင် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်ခြင်းဖြင့် ပြည်ပဆက်ဆံရေး ပိုမိုအားကောင်းလာစေရန်နှင့် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များအား ဦးစားပေးဖော်ဆောင်ရာတွင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာအစီအစဉ်များမှ တစ်ဆင့်လည်း ပိုမိုပေါင်းစည်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ အထူးသဖြင့် အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ မြှင့်တင်နိုင်ရန်၊ ပြည်တွင်းကဏ္ဍအသီးသီးတွင် တာဝန်ယူလျက်ရှိသည့် ဝန်ကြီးဌာနများအကြား ပိုမိုကောင်းမွန်သည့် ပေါင်းစပ်ညှိနှိင်းမှုများဖြင့် မိမိတို့၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များကို အာဆီယံယန္တရားများနှင့် ပိုမိုအချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် အာဆီယံမဏ္ဍိုင်(၃)ရပ်ကို အဓိကတာဝန်ယူထားကြသည့် အရာရှိကြီးများက အာဆီယံဆိုင်ရာ ကဏ္ဍအသီးသီးကို တာဝန်ယူထားသည့်ဝန်ကြီးဌာန (၃၀)မှ ဘာသာရပ် ကျွမ်းကျင်သူ အရာရှိများအား ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်း စဉ်များကို အာဆီယံယန္တရားများမှတစ်ဆင့် ဖော်ဆောင်နိုင်မှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အလား အလာများအပေါ် ပြန်လည် သုံးသပ်ကြရန်၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ကို ယခုနှစ်တွင် စတင်နိုင်မည်ဖြစ်ရာ အဆိုပါမျှော်မှန်းချက်ပါ အာဆီယံမဏ္ဍိုင်အသီးသီး၏ ဗျူဟာမြောက် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက အပြုသဘောပူးပေါင်းပါဝင်ကာ မိမိတို့နိုင်ငံအကျိုးကို ဒေသအကျိုးစီးပွားနှင့် ချိတ်ဆက်နိုင်ရန် ပွင့်လင်းစွာညှိနှိင်းတိုင်ပင်၍ လုပ်ငန်းစဉ်များချမှတ်ဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို အာဆီယံရေးရာ ကိစ္စရပ်များကို တာဝန်ယူထားသည့် ဝန်ကြီးဌာန (၃၀) မှ အဆင့်မြင့်အရာရှိကြီးများ နှင့် ဘာသာရပ်တာဝန်ခံ အရာရှိ စုစုပေါင်း ၈၅ ဦးခန့် တက်ရောက် ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)