နေပြည်တော်၊ ဇန်နဝါရီ ၁၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ၈-၁-၂၀၂၅ ရက်နေ့က မြစ်ကြီးနားမြို ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ကျင်းပသည့် ကချင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် စပ်လျဉ်းသည့် တွေ့ဆုံညှိနှိင်းပွဲသို တက်ရောက်သည်။
အဆိုပါ တွေ့ဆုံညှိနှိင်းပွဲသို ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြိုနယ် လျှပ်စစ်အင်ဂျင်နီယာများ၊ မြိုနယ်လျှပ်စစ်မှူး များ၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန မဟာဓာတ်အားလိုင်းမှူး (ဝိုင်းမော်)၊ ပင်မဓာတ်အားခွဲရုံမှူး (ဝိုင်းမော်၊ ဗန်းမော်) တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အား ထုတ်လုပ်နေမှုကို တိုးတက်မထုတ်နိုင်သေးမီ မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီညီ တိုးတက်ကောင်းမွန်စေရေး စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဓာတ်အားခကောက်ခံရရှိမှုနှင့် ဓာတ်အားခကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်းဆောင်ရွက်သွားမည့် အစီအမံများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment