ဇန်နဝါရီ - ၃၀ ( ကြာသပတေးနေ့ )
Tesla နှင့် SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် ဦးဆောင်သော သမ္မတ ဒေါ်နယ်ထရမ့် မှ ဖန်တီးထားသော အမေရိကန် အစိုးရစွမ်းဆောင်ရည်ဌာန(DOGE) သည် ဖက်ဒရယ်အသုံးစရိတ်ကို တစ်ရက်လျှင် ဒေါ်လာ ၁ ဘီလီယံခန့် ဖြတ်တောက်ထားနိုင်ပြီး ဖြစ်သည်ဟု ဆိုသည်။ ၎င်းအေဂျင်စီသည် ၎င်း၏တရားဝင် X အကောင့်မှတစ်ဆင့် ကုန်ကျစရိတ်များကို နေ့စဉ် ဒေါ်လာ ၃ ဘီလီယံကျော် လျှော့ချရန် ရည်ရွယ်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
DOGE ကို ပြီးခဲ့သော နွေရာသီတွင် ထရမ့် ၏ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ပထမဆုံး အဆိုပြုခဲ့ပြီး နောက်ပိုင်းတွင် သမ္မတအကြံပေး ကော်မရှင်အဖြစ် တရားဝင် ဖွဲ့စည်းခဲ့သည်။ နာမည်ရှိသော်လည်း အေဂျင်စီသည် ပြီးပြည့်စုံသော ဗဟိုအလုပ်အမှုဆောင်ဌာနမဟုတ်ပါ။ အစိုးရအသုံးစရိတ်များကိုလျှော့ချရန် အာရုံစိုက်နေသည့် ယာယီအဖွဲ့အစည်းဖြစ်သည်။ ၎င်းအဖွဲ့ သည်၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ပြည်ထောင်စုအသုံးစရိတ်ကို ဒေါ်လာ ၂ ထရီလီယံအထိ ဖြတ်တောက်ရန် ရည်မှန်းထားသည်။
"DOGE သည် ဖက်ဒရယ်အစိုးရ၏ ရသုံးခန့်မှန်းခြေငွေစာရင်းကို ကယ်တင်နေခြင်းဖြစ်ပါသည်။ အများစုမှာ မလိုအပ်သောရာထူးနေရာများအတွက် လူများငှားရမ်းခြင်းကို ရပ်တန့်ခြင်း၊ DEI ဖျက်သိမ်းခြင်းနှင့် နိုင်ငံခြား အဖွဲ့အစည်းများထံ မလျော်ကန်သော ငွေပေးချေမှုများကို ရပ်တန့်ခြင်းတို့ဖြစ်ပြီး လုပ်ငန်းစဉ် အများစုမှာ နိုင်ငံတော်သမ္မတ၏ အမှုဆောင်အမိန့်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု အေဂျင်စီကဆိုပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ တစ်ရက်လျှင် ဒေါ်လာ ၁ ဘီလျံ ကို စုဆောင်းနိုင်နေကြောင်း ဆိုပါသည်။
ထရမ့် သမ္မတ မဖြစ်ခင်ကတည်းက ကြိုတင်စီမံထားတဲ့ ပရိုဂမ်တွေက သမ္မသက်တမ်း တစ်ပတ်အတွင်းမှာပဲ လက်စွမ်းပြပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ပြတ်ပြတ်သားသား လုပ်ဆောင်နေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ မတူကွဲပြားမှုနဲ့ သာတူညီမျှမှုဆိုင်ရာဌာန DEI က အပိုဖြစ်နေတယ်လို့ သက်မှတ်ထားတဲ့ အတွက်ကြောင့် အေဂျင်စီတစ်ခုလုံးကို ဖျက်သိမ်းပစ်လိုက်နိုင်ခဲ့သလို နိုင်ငံခြား အဖွဲ့အစည်းများကို ပေးနေတဲ့ မလျော်ကန်တဲ့ အထောက်အပံ့တွေကိုလည်း ပြန်လည်ဆန်းစစ်မှုလုပ်ဖို့အတွက် ရက်၉၀ ကြာ ပိတ်သိမ်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒိထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO လည်းပါသွားပါတယ်။
REF - RT
#MNP #News #International #American
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment