တမူး၊ ဇန်နဝါရီ ၃၀
တမူးမြို့နယ်ရှိ လုံခြုံရေးအဖွဲ့များသည် ဇန်နဝါရီလ ၂၉ ရက် နေ့လည် ၁၂ နာရီခန့်က ကျွန်းပင်သာရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမားများကို ရှင်းလင်းနိုင်ခဲ့သည်။
ဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၇ လောင်း၊ Type -81 သေနတ် ၃ လက်၊ M-22 သေနတ် ၃ လက်၊ M-79 သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၃၇၀ တောင့်၊ ကျည်အိမ် ၁၄ ခု၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာဦးထုပ် ၄ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ပြောက်ကျားကျောပိုးအိတ် ၄ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment