ဆီးရီးယားက ရုရှားဆီမှ ကရုဏာကြေးတောင်းဖို့ ပြင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီးရီးယားက ရုရှားဆီမှ ကရုဏာကြေးတောင်းဖို့ ပြင်နေ


ဇန်နဝါရီ - ၃၀ ( ကြာသပတေးနေ့ ) 

ဆီးရီးယား၏ခေါင်းဆောင် အသစ်များသည် နိုင်ငံနှစ်နိုင်ငံကြား “ယုံကြည်မှုပြန်လည်ရရှိရန်” ရုရှားထံမှ လျော်ကြေးငွေတောင်းခံနေကြောင်း Sana သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဘာရှာအာဆက်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့က ရုရှားသံတမန်များ၏ ပထမဆုံး ခရီးစဉ်အတွင်း မှတ်ချက်ပေးခဲ့သည်ဟု သိရသည်။ ရုရှားသည် ၂၀၁၁ ခုနှစ်ကတည်းက သမ္မတဟောင်း အာဆတ်ကို ထောက်ခံခဲ့ပြီး ဆီးရီးယားကို လွှမ်းခြုံထားသည့် သူပုန်ထမှုကို ဆန့်ကျင်သည့်စစ်ပွဲများတွင် ပါဝင်ခဲ့သည်။ 

ယခုအခါ အစ္စလာမ္မစ် ဟေယက်တာဟာအယ်ရှန် (HTS) လှုပ်ရှားမှုကို ဦးဆောင်နေသည့် ဆီးရီးယားအစိုးရသည် မော်စကိုအစိုးရအနေဖြင့် “အတိတ်က အမှားများကို ထည့်သွင်းစဉ်းစားပြီး ဆီးရီးယားပြည်သူများ၏ ဆန္ဒကို လေးစားသင့်သည်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ကလည်း ဆီးရီးယားတွင် အပြုသဘောဆောင်သော အပြောင်းအလဲများအတွက် ၎င်း၏ထောက်ခံမှုကို အတည်ပြုခဲ့ပြီး လျော်ကြေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး ကဲ့သို့သော ခိုင်မာသောအစီအမံများမှတစ်ဆင့် ဆီးရီးယားပြည်သူများ၏ ယုံကြည်မှု ပြန်လည်တည်ဆောက် ရာတွင် မော်စကိုအစိုးရ၏ အခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မီခေးလ် ဘောဂ်ဒန်နော့ဗ်က မော်စကိုနှင့် ဒမတ်စကတ်တို့ အကြား သမိုင်းကြောင်းအရ တည်ငြိမ်ပြီး အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများတွင် ဆီးရီးယား၌ ရုရှား၏ စစ်ရေးစခန်းများဖြစ်သည့် ခမဲမင်း နှင့် တာတပ် တို့၏ ဆက်လက် တည်ရှိနေမှု အတွက် တိကျသော သဘောတူညီချက်များ မရရှိသေးပါ။  မော်စကိုသည် ခမဲမင်း လေတပ်စခန်းနှင့် တာတပ် ရှိ ထောက်ပံ့ပို့ဆောင်ရေးစင်တာတစ်ခုကို  မြေထဲပင်လယ်ကမ်းရိုးတန်းတွင် တည်ထားသည်။ ၂၀၂၇ ခုနှစ်က ရုရှားနှင့် ဆီးရီးယားတို့သည် မော်စကို၏တပ်များကို ၄၉ နှစ်ကြာ တပ်စွဲထားရန် သဘောတူညီခဲ့ကြသည်။ ရုရှားပိုင် အဆောက်အအုံများ၏ အနေအထားမှာ ပြောင်းလဲခြင်းမရှိကြောင်း သံတမန်က ပြောကြားခဲ့သည်။

ရုရှားသံတမန်များက ဆီးရီးယားလျော်ကြေးတောင်းခံမှုအပေါ် လိုက်လိုက်လျောလျောပြောခဲ့ပေမဲ့ ကရင်းမလင် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်ကမှု မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်း မရှိခဲ့ပါဘူး။ ဒမတ်စကတ် အစိုးရဘက်ကတော့ ရုရှားလို အင်အားကြီး နိုင်ငံနဲ့ ဆက်လက် လက်တွဲဖို့အတွက် မဟာဗျူဟာမြောက် လုပ်ငန်းဆောင်တာတွေ ရှိကြောင်း ဆိုဖူးပါတယ်။ 


REF - RT  

#MNP #News #International #Russia #Seria

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)