ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခုဖြစ်လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခုဖြစ်လာနိုင်


နေပြည်တော်၊ ဇန်နဝါရီ ၁၅

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်း အဖွဲ့၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် တတိယအကြိမ် အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေး ဇုန်တို့မှ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်ခဲ့ မှုအခြေအနေ၊ မြန်မာအစိုးရအသိအမှတ် ပြုစုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity-GDE) အဖြစ် ဖွဲ့စည်းထားသည့် Kyauk Phyu SEZ Consortium Company Limited နှင့် CITIC Consortium တို့အကြား ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းများ အောင်မြင်အောင် ဆက်လက်ဆောင်ရွက် ရန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခု ဖြစ်လာနိုင်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပြီး ရင်းနှီးတည်ထောင်သူနှင့် ရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်ရေး၊ နိုင်ငံအတွင်း အထူး စီးပွားရေးဇုန်များ ဖွံ့ဖြိုးမှုမြန်ဆန်ရေး၊ ရင်းနှီးတည်ထောင်သူနှင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆောင်ရွက် ပေးရေးကိစ္စရပ်များကို ပြောကြားသည်။ ဆက်လက်၍ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်လာမှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာသည့် အခြေအနေ၊ ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မည့် မြန်မာအစိုးရအသိအမှတ်ပြု စုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity Consortium-GDE) ၏ အခြေ အနေ၊ စီမံကိန်းဧရိယာနှင့် တည်နေရာ ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေး တရုတ်နိုင်ငံ CITIC ဘက်မှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက် ရာတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို အထောက်အကူ ပြုနိုင်ရန် မြန်မာဘက်မှ ကျွမ်းကျင်သူ ပညာရှင်ဖွဲ့စည်းထားရှိမှု အခြေအနေနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်သွားရေး၊ ရင်းနှီးတည်ဆောက်သူ အသစ်များဖြင့် ဆက်လက်လုပ်ကိုင်နိုင်စေ ရန်အတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ကိစ္စရပ်များကို ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က ယခင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး သို့ တင်ပြသည့် အမှာစာများကို လည်းကောင်း၊ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက် ပေးနေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)