နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု မရှိခြင်းကို သတိပြုသင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု မရှိခြင်းကို သတိပြုသင့်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)

ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား- ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ကယားတိုင်းရင်းသားများအတွက် မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော ကယားပြည်နယ်နေ့ ဖြစ်ပါသည်။ ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင် ကျရောက်သည့် ကယားပြည်နယ်နေ့၌ ကယားတိုင်းရင်းသားများနှင့် ပြည်ထောင်စုဖွား မိဘပြည်သူများအားလုံး ကိုယ်၏ကျန်းမာ ခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှစ၍ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ထိုသို့ ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် နေ့ရက်ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်ပေါ်လာရန် ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏ စိတ်ဓာတ်နှင့်အင်အားသည် အဓိကဖြစ်ကယားပြည်နယ်သည် တောတောင်ရေမြေသဘာဝအလှတရား များ၊ မြေပေါ်မြေအောက် သယံဇာတများ ပေါကြွယ်ဝကာ ရိုးရာ ယဉ်ကျေးမှုအလှများဖြင့် သာယာလှပသော ပြည်နယ်ဖြစ်ပါသည်။ ရာသီဥတုမျှတပြီး ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားပွင့်လင်းမှုတို့သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင်ဖြစ်ပါသည်။ ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူ များက ပြည်နယ်အကျိုးကို ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ဖွံ့ဖြိုး တိုးတက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ ထိုသို့ ရရှိပြီးအခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ ကယားပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရ နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက်ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူး လိုအပ်နေချိန် ဖြစ်ပါသည်။

မိမိတို့မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ဘာသာစကားများဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးတို့သည် နိုင်ငံ၏ ဒေသ အသီးသီးတွင် ဥမကွဲသိုက်မပျက်၊ စည်းလုံးညီညွတ်စွာ ယှဉ်တွဲ၍ နေထိုင်ခဲ့သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ပါသည်။ ထိုကဲ့သို့ စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်ကြီးကို နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၂၄ ခုနှစ်ကစ၍ မတရားကျူးကျော်စစ် သုံးကြိမ်ပြုခဲ့ပြီး သူ့ကျွန်ဘဝ ကို သွတ်သွင်းခဲ့ပါသည်။

ထို့နောက် နယ်ချဲ့တို့သည် တောင်ပေါ်မြေပြန့် တစ်ခုချင်းစီကို ဥပဒေများ ခွဲခြားပြဋ္ဌာန်းပြီး နှစ်ပေါင်းတစ်ရာကျော် ရည်ရွယ်ချက် ရှိရှိဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။ ပြည်မကို အုပ်ချုပ်ရာတွင်လည်း ကွဲပြားခြားနားမှုများပြားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးရရှိပြီးစ၌ နိုင်ငံရေးပါတီများ၏ အာဏာလွန်ဆွဲမှု ပြင်းထန်လာခဲ့သည်ကို တွေ့ရှိရ ပါသည်။ ၁၉၄၈ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ် ပါတီသည် နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာမှစ၍ လွတ်လပ် ရေး၏ အနှစ်သာရကို မခံစားရဘဲ နိုင်ငံအဝန်း တိုက်ပွဲများဖြင့် လက်နက်ကိုင်ပဋိပက္ခများ စတင်ခဲ့ပါသည်။ အလားတူ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု ပယောဂကြောင့် အချို့တိုင်းရင်းသားများကလည်း အယူဝါဒအမျိုးမျိုးဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခဲ့သည်မှာ ယနေ့ကာလအထိ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၇၆) နှစ်ကျော်လွန်ခဲ့ပြီဖြစ်၍ လက်နက်ကိုင်ပဋိပက္ခ မည်သည့်အကြောင်းကြောင့် ဖြစ်ပွားနေရသည် ကို ပြန်လည်ဆန်းစစ်ကြည့်ရန် လိုပါသည်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလ၌ အားနည်းချက်များကို သိမြင်ပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ပါသည်။ နိုင်ငံရေးအယူအဆကွဲလွဲမှုများကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေခြင်းဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု မရှိခြင်းကို သတိပြုသင့်ကြပါသည်။

လက်ရှိနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့် ဆူပူ အကြမ်းဖက်မှုများမှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသည်ဟု ဆိုသူ များက မဲမသမာမှုများဖြင့် နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူရန်ဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ် ခဲ့ကြသောကြောင့်သာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ကာကွယ်နေပါသည်ဟုဆိုသော ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီ စနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက် မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက် ပြုလုပ်နေကြပါသည်။ ၎င်းတို့မှာ မိမိတို့နိုင်ငံအား သူတို့အလိုကျ ခြယ်လှယ် ချုပ်ကိုင်နိုင်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ် ကို အားပေးနေခြင်းပင်ဖြစ်သည်ကို သတိပြုမိကြစေလိုပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေဆက်လက် လျှောက်လှမ်းသွားရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ လျှောက်လှမ်းနိုင်ရန် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန် ကိုထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အလေး အနက်ပြောကြားလိုပါသည်။ နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူ လူထု၏အကျိုးကိုသာ အစဉ်ရှေးရှု ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော် ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေရန်နှင့် စားရေရိက္ခာ ဖူလုံစေရန် အဓိကထားပြီး တိုင်းရင်းသားပြည်သူများနှင့်အတူ တက်ညီ လက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် အဓိကကျသည့်အချက်မှာ မိမိတို့တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြရေးနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေးပင် ဖြစ်ပါသည်။ ယခုလတ်တလော အခြေအနေ တွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့ အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော် ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန် လုပ်ကြံ သတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့ အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များ ကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များ မှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင် ကြရမည်ဖြစ်ပါသည်။

ကယားပြည်နယ်တွင် မကြာမီကာလက KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရပါသည်။ ပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ပါ သည်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု ပျက်စီးစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်မှုများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာလည်း ဒေသခံများပင်ဖြစ်ပါသည်။ အကြမ်းဖက် တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင် ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသည့် အတွေး အခေါ်အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့် ဒေသ၊ ကိုယ့်တိုင်းရင်းသားကို သစ္စာဖောက်ဖျက်ခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော လက်နက် ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေ ရေးအတွက် ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ပြည်သူ အားလုံးက ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုပါသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် မြို့ရွာများရှိ နေအိမ်များ၌ ဝင်ရောက်နေထိုင်ပြီး ဒေသခံပြည်သူလူထုကို အကာအကွယ်ယူ၍ နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်၍ ပြည်သူ များအနေဖြင့် သတိတရား၊ အသိတရားများဖြင့် ရှောင်ရှားမည်ဆိုပါက သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်သူများအားလုံး အသိဉာဏ်ပညာ ပြည့်ဝရေးနှင့် အတွေးအခေါ် မှန်ကန်ရေးပင်ဖြစ် ပါသည်။ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ပြည်သူများကပင် အသိပညာဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတပြည့်ဝကြစေရန်နှင့် ပညာပြည့်ဝပြီး လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံသောလူငယ်များ ပေါ်ထွက်လာ ရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိရာ တိုင်းရင်းသားမိဘ ပြည်သူများက ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါသည်။ မဖွင့်နိုင်သေးသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ပြီး ကျောင်းမတက်နိုင်ကြသည့် ကျောင်းသားများ ကျောင်းသို့ ပြန်လည်ရောက်ရှိရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးကြရန် လိုပါသည်။ သို့မှသာ လူငယ်များ ဗလငါးတန် ပြည့်ဝပြီး ဒေသအကျိုး၊ နိုင်ငံနှင့်လူမျိုးအကျိုးကို ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။


ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူညီအစ်ကို မောင်နှမများခင်ဗျာ -

ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ် တစ်ခုဖြစ်ပေါ်လာရန် ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး၏ စိတ်ဓာတ်နှင့် အင်အားသည် အဓိကဖြစ်ပါသည်။ နိုင်ငံ၏အားသည် နိုင်ငံအတွင်းမှာရှိသကဲ့သို့ ပြည်နယ်၏ အင်အားသည်လည်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး၏ စုပေါင်းအားပင် ဖြစ်ပါသည်။


ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား မျိုးချစ်စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ် စောင့်ရှောက်ပေးကြပါ။ နိုင်ငံ၏ အနာဂတ်လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြပါ။ ကယားပြည်နယ်ရှိ တိုင်းရင်းသားများက လည်း အတွေးအခေါ်အယူအဆမှန်ကန်စွာဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် စည်းစည်းလုံးလုံး ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် ကယားပြည်နယ်တစ်ခုလုံး အေးချမ်း သာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေကြောင်း ဆန္ဒပြုတိုက်တွန်းလျက် ဤသဝဏ်လွှာပေးပို့အပ်ပါသည်။


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)