ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်




ရန်ကင်း၊ ဇန်နဝါရီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ၁၁ ရပ်ကွက် သစ္စာလမ်းရှိ ဆရာအတတ်ပညာဦးစီးဌာန ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဒေါ်ဖြူမာဝေ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ဟားခါး(တွဲဖက်)ပညာရေး ဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစီုးသိန်းကအဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဥပဒေရေးရာကိစ္စရပ်များအားပြောကြားခဲ့ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့  ရန်ကင်း၊ သင်္ဃန်းကျွန်း၊ လှည်းကူး၊ ဟားခါး(တွဲဖက်)ပညာရေး ဒီဂရီကောလိပ်များမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ စီမံဝန်ထမ်းအဆင့်ရှိသင်တန်းသား ( ၇၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလအနေဖြင့်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ဖြစ်ပြီး ရန်ကုန်တိုင်းဥပဒေချုပ်ရုံး ရုံးအဖွဲ့မှူးဒေါ်မေသက်မော်နှင့် သင်္ဃန်းကျွန်းခရိုင်ဥပဒေအရာရှိ ဦးချမ်းသာတို့ကဥပဒေအသိပညာ ပြန့်ပွားရေးဘာသာရပ်များအား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


လှလှထွေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)