ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်




ရန်ကင်း၊ ဇန်နဝါရီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ၁၁ ရပ်ကွက် သစ္စာလမ်းရှိ ဆရာအတတ်ပညာဦးစီးဌာန ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဒေါ်ဖြူမာဝေ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ဟားခါး(တွဲဖက်)ပညာရေး ဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစီုးသိန်းကအဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေအသိပညာပြန့်ပွားရေးဗဟိုနည်းပြသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဥပဒေရေးရာကိစ္စရပ်များအားပြောကြားခဲ့ပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့  ရန်ကင်း၊ သင်္ဃန်းကျွန်း၊ လှည်းကူး၊ ဟားခါး(တွဲဖက်)ပညာရေး ဒီဂရီကောလိပ်များမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ စီမံဝန်ထမ်းအဆင့်ရှိသင်တန်းသား ( ၇၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလအနေဖြင့်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ဖြစ်ပြီး ရန်ကုန်တိုင်းဥပဒေချုပ်ရုံး ရုံးအဖွဲ့မှူးဒေါ်မေသက်မော်နှင့် သင်္ဃန်းကျွန်းခရိုင်ဥပဒေအရာရှိ ဦးချမ်းသာတို့ကဥပဒေအသိပညာ ပြန့်ပွားရေးဘာသာရပ်များအား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


လှလှထွေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)