မော်လမြိုင်မြို့ မြိုင်ရတနာဈေး၌ ဈေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့ မြိုင်ရတနာဈေး၌ ဈေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်




မော်လမြိုင်၊ ဇန်နဝါရီ  ၁၄

မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုများလည်း ဒေသအနှံ့အပြား၌ မကြာခဏဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ဈေးမီးလောင်မှု မဖြစ်ပွားစေရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဈေးမီးငြှိမ်းသတ်ရေး သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် မြိုင်ရတနာ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရရသည်။

ထိုသို့သဏ္ဌာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် ပြည်သူတို့၏ အရင်းအနှီးများ စုစည်းထားရှိသည့်နေရာ၊  ကုန်စည်များလည်ပတ် စီးဆင်းရာ နေရာဖြစ်သည့်ဈေးများတွင် မီးလောင်မှုဖြစ်ပွားပါက ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ တပ်ဖွဲ့ဝင် အင်အား(၃၀)နှင့်အတူ စည်ပင်သာယာ ရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊‌ ဈေးတာဝန်ခံများဖြင့် မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်းများကို သဏ္ဍန်တူသရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး  ဦးစိုးကျော်သူက တပ်ဖွဲ့ဝင်များအား သင့်(၄)သင့် ရှိရေး၊ မြန်(၃)မြန်ဖြစ်ရေး အလေးပေးဆောင်ရွက်သွားရန်နှင့် စခန်းအလိုက် အရေးပေါ်ခေါ်ဆိုနိုင်ရေးထားရှိသော 191 ဖုန်းအား ပြည်သူလူထုအားလုံး သိရှိစေရေးအတွက် အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဈေးမီးငြှိမ်းသတ်ရေး သဏ္ဍန်တူသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)