ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ဆောင်းပဲတီစိမ်း စံပြကွက်ဧက (၅၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ဆောင်းပဲတီစိမ်း စံပြကွက်ဧက (၅၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေး


မင်းလှ၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဥတိုကညင်ပင်အုပ်စု၊ ဥတိုကညင်ပင်ကျေးရွာတွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းပဲတီစိမ်းစံပြကွက်ဧက (၅၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဥတိုကညင်ပင်အုပ်စုအုပ်စု၊ ဥတိုကညင်ပင်ကျေးရွာအနီး ဦးပိုင်အမှတ် (၅၄/၅)၊ ကွင်းအမှတ် (၉၂၈)၊ တောင်သူ (၅)ဦးတို့၏ လယ်မြေ (၅၀) ဧက၌ ရေဆင်း-၁၄ ပဲတီစိမ်းမျိုး စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးကာ သီနှံများပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်ထွက်ရှိရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့်  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပဲမျိုးစုံဧက (၈၆၀၀၀)စိုက်ပျိုးထားရှိခဲ့ပြီး ပဲတီစိမ်းရေဆင်း-၁၄ မျိုး စိုက်ပျိုးထားရှိမှုမှာ (၂၁၆၀) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။


ပေါက်စ(မင်းလှ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)