ကျောက်တန်း၊ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မရှိ၍မလင်းသူမရှိစေရေးအစီစဉ်ဖြင့် မျက်စိခွဲစိတ်ပြီးလူနာများအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျန်းမာရေးစစ်ဆေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် မရှိ၍မလင်းသူမရှိစေရေးအစီစဉ်ဖြင့် မျက်စိခွဲစိတ်ပြီး လူနာစုစုပေါင်း (၆၄)ဦးအနက်မှ ခွဲစိတ်ပြီးလူနာ(၂၀)ဦးကို ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများမှ ခွဲစိတ်ပြီးအခြေအနေကိုမေးမြန်ခဲ့ရာ လူနာ(၁၈)ဦးအား မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ခန်းမတွင် ကျန်းမာရေးအခြေအနေစစ်ဆေးခဲ့ပြီး ကျန်(၂)ဦးအား အိမ်တိုင်ရာရောက် စစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။
နေလင်းကျော်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment