ပဲခူး၊ ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ရေမွန်းသော မွေးကင်းစကလေး အသက်ကယ်ပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၀-၁-၂၀၂၅) ရက်တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့နယ်ဆေးရုံများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းကို ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တွင် (၂၀-၁-၂၀၂၅) ရက်နေ့မှ (၂၅-၁-၂၀၂၅) ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)အနေဖြင့် သင်တန်းတစ်သုတ်လျှင် (၂)ရက်နှုန်းဖြင့် (၃)ကြိမ် သင်တန်းသား စုစုပေါင်း (၆၆၂)ဦးအား သင်တန်းပေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment