ပဲခူး၊ ဇန်နဝါရီ ၉
ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာတွင် ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီခွဲခန့်က လင်မယားနှစ်ဦး စကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇောင်းတူကျေးရွာနေ မောင်ကျန် (၅၃နှစ်) နှင့် ၎င်း၏ဇနီး ဒေါ်မိုးမိုး (၄၉နှစ်) တို့သည် နေအိမ်မီးဖိုချောင်အတွင်း တဲနောက်ရှိ ကောက်ရိုးပုံ ခြံခတ်ခြင်းကိစ္စနှင့်ပတ်သက်၍ စကားများခဲ့ကြရာ မောင်ကျန်သည် စိတ်ဆိုး၍ အိမ်သုံးဓားဖြင့် ဒေါ်မိုးမိုး အား နှစ်ချက်ခုတ်ခဲ့ရာ ဦးခေါင်းဝဲဘက်ထိပ်တွင် ဦးခေါင်းခွံကွဲပြတ်ရှဒဏ်ရာတစ်ချက်နှင့် ဝဲပုခုံးမှ နောက်ကျောတွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇောင်းတူရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ တရားခံ မောင်ကျန်အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment