ကျောက်ဆည်မြို့ နည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့ နည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်


ကျောက်ဆည်၊ ဇန်နဝါရီ ၈ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဘဏ္ဍာ နှစ်အလိုက် ဒေသန္တရစီမံကိန်း ၏ ပင်မလုပ်ငန်းအစီအစဉ်က စီမံ ချက်ဝင်လုပ်ငန်းဖြစ်သော ဝန်း ကျင်လေထု အရည်အသွေးတိုင်း တာစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက နည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် QM-09 တိုင်းတာရေးစက်ဖြင့် လေထု အရည်အသွေးများ တိုင်းတာစစ် ဆေးခဲ့သည်။

ကျောက်ဆည်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော ဆာလ်ဖာဒိုင် အောက်ဆိုဒ်(SO2)၊ နိုက်ထရို ဂျင်ဒိုင်အောက်ဆိုဒ်(NO2)၊ ကာ (CO): 60 အတွင်းမှာရှိသည့် အလွန်သေး ငယ်တဲ့အမှုန်အမွှားများဖြစ်သည့် (PM 2.5 နှင့် PM 10)တို့ကို လေထုအရည်အသွေးတိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည်။

ဝန်းကျင်လေထု အရည် အသွေးတိုင်းတာသည့် ရလဒ် များကို ပြည်သူများသိရှိနိုင်စေရန် ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်း များအား တင်ပြခြင်း၊ လူမှုမီဒီယာ ကွန်ရက်များမှ ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့်အကြံပြုချက်များဖြစ်သည့် စွန့် ပစ်အမှိုက်များ လေဟာပြင်တွင် စည်းကမ်းမဲ့ မီးရှို့ခြင်းမှ ရှောင် : 3Rs(Reduce: Reuser Recycle) စနစ်အားလို က်နာ ကျင့်သုံးခြင်း၊ အရိပ်ရလေကာ ပင်များစိုက်ပျိုးခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ထွက်ရှိမှုကို လျော့ချ နိုင်ရန်စက်တပ်ယာဉ်များ အလွန် အကျွံအသုံးပြုခြင်းမှ ရှောင်ကြဉ် ရန် ကျောက်ဆည်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လစဉ်ထုတ် ပြန်ပေးလျက်ရှိ ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)