တွံတေးမြို့နယ်ပြည်သူ့ဆေးရုံ၌ "မရှိ၍ မလင်းသူ မရှိစေရ" ကွင်းဆင်းအစီအစဉ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်ပြည်သူ့ဆေးရုံ၌ "မရှိ၍ မလင်းသူ မရှိစေရ" ကွင်းဆင်းအစီအစဉ် ဆောင်ရွက်




တွံတေး၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်တိုင်း‌ဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းးမာရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ "မရှိ၍ မလင်းသူ မရှိစေရ"  ကွင်းဆင်းအစီအစဉ်ကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ရန်ကုန်အ‌နောက်ပိုင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့တို့မှ ဆောင်ရွက်‌ပေးခြင်းနှင့်   အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ရန်ကုန်ရုံးခွဲ)မှ မျက်စိလာပြသူ လူနာများအနက်   တီဘီလူနာများအား Mobile Team ဖြင့်ရှာဖွေခြင်းတို့ကို တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေ‌နီအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး/ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့် မြို့နယ်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကွင်းဆင်းကုသရာတွင် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့မှ မျက်စိဝေဒနာရှင်များ လာရောက်ပြသကုသခဲ့ကြသည်။ အဆုပ်တီဘီသံသယလူနာ(၂၅၆)ဦးကို ဓါတ်မှန်ရိုက်ကူး စစ်ဆေးပေးခဲ့ပြီး သလိပ် GeneX'pert စစ်ဆေးလူနာ(၅)ဦးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ မျက်စိရောဂါ ပြသကုသသူ စုစုပေါင်း(၂၇၀)ဦးရှိရာ မျက်စဉ်းဆေး၊ ဆေးကုသလူနာ(၄၅)ဦး၊ မျက်မှန်တပ်ဆင်လူနာ(၁၇၆)ဦး၊ ခွဲစိပ်ရန်အတွင်းတိမ်လူနာ (၈၃)ဦး၊ (တွံတေး(၆၅)၊ ကော့မှူး(၆)၊ ဒလ(၁၂)ဦး)တို့ဖြစ်ပြီး တက္ကသိုလ်များဆေးရုံတွင် ခွဲစိပ်နိုင်ရန်စာရင်း ပြုစုထားရှိကာ ရေတိမ်ရောဂါလူနာ(၅)ဦး (တွံတေး(၄)ဦး၊ဒလ(၁)ဦး) တို့ကို ရန်ကုန်မျက်စိဆေးရုံကြီးတွင် ဆက်လက်ကုသနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။


တွံတေးသား

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)