မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့အားကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့အားကြည့်ရှု





မန္တလေး၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်ကြီးတွင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးနေမှုအခြေအနေနှင့် ကျောင်းတိုက်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်ကျောင်းတိုက်သို့ရောက်ရှိပြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူပြီးနောက်ပိုင်း ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက်အား ပြတိုက်အင်္ဂါရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုရာ ပြတိုက်တွင် ဗန်းမော်ဆရာတော်ဘုရားကြီးစုဆောင်းပူဇော်ခဲ့သော ဓာတ်တော်မွေတော်များ၊ ကိုးကွယ်ခဲ့သော ဗုဒ္ဓဆင်းတုတော်များ၊ ဘုရားခြေတော်ရာ၊ ပြည်တွင်းပြည်ပအလှူရှင်များ ဆက်ကပ်လှူဒါန်းထား‌သော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ၊ ဆရာတော်ဘုရားကြီး၏ ပုံတူရုပ်တုနှင့်မှတ်တမ်းဓာတ်ပုံများ၊ ဆရာတော်ဘုရားကြီးမှ လှူဒါန်းထားသော ဂုဏ်ပြုလွှာများကို ပြတိုက်အင်္ဂါရပ်နှင့်အညီ ခင်းကျင်းပြင်ဆင်ထားရှိမှုများ၊ ကျောင်းတိုက်ရှိ အာနန္ဒာစေတီတော်အတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စေတီတော်ပရဝဏ်တွင် မြေယာရှုခင်းများ ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ ကျောင်းတိုက်ကြီးအတွင်း စုပေါင်းသန့်ရှင်းရေးမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး  သာသနာနုဂ္ဂဟဓမ္မာရုံ ရွှေတီးတော်တင်မင်္ဂလာနှင့် ဘုရားအနေကဇာတင် မင်္ဂလာအခမ်းအနားသို့ရောက်ရှိပြီး ပြည်ကြီးတံခွန်မြို့နယ်မဟာဝိဇိတာရာမတိုက်၊ တိုက်အုပ်၊ သစ္စာအောင်မြေကျောင်းဆရာတော်၊ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဩသဓပဏ္ဍိတအမှူးပြုသော ဆရာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေအရာရှိများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အတိုင်း ကျင်းပခဲ့ပြီး ဆရာတော်များထံ ပြဿဒ်တော်တွင် တင်လှူပူဇော်သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို  တိုင်းဒေသကြီးဥပဒေချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာ တရားနာယူကာ ရေစက်သွန်းချ အမျှအတမ်းပေးဝေ၍ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရသည်။


ထွန်းထွန်းနိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)