နမ့်စန်မြို့ အ.ထ.က(ခွဲ)လွိုင်ငင်းကြီးကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်မြို့ အ.ထ.က(ခွဲ)လွိုင်ငင်းကြီးကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ





နမ့်စန်(တ)၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဝမ်ပိန်းကျေးရွာအုပ်စု၊ ပန်လင်းဆိုင်ကျေးရွာရှိ အ.ထ.က(ခွဲ) လွိုင်ငင်းကြီးကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မတ်ကျန်းပြည်သူ့စစ်ဌာနေအဖွဲ့မှ ပညာရေးတာဝန်ခံ ဦးခွန်ထွန်းစံက အမှာစကားပြောကြားခဲ့ကြပြီး အ.ထ.က(ခွဲ) လွိုင်ငင်းကြီးကျောင်းအုပ်ဆရာကြီး ဦးသိန်းအောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မတ်ကျန်းပြည်သူ့စစ်ဌာနေအဖွဲ့မှ ပညာရေးတာဝန်ခံ ဦးခွန်ထွန်းစံ၊ အ.ထ.က(ခွဲ)လွိုင်ငင်းကြီးကျောင်းအုပ်ဆရာကြီး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက  မြို့နယ်အဆင့် ပြိုင်ပွဲများတွင် အားကစားနှင့်ဘာသာရပ် ထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းတက်မှန်ဆုရ ဆရာ/ဆရာမများကို ဆုတံဆိပ်၊ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့နောက် အ.ထ.က(ခွဲ) လွိုင်ငင်းကြီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


သူရအောင်(နမ့်စန်)

#MNP #News

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)