ဝေလငါး အီးပေါက်သံကို ရုရှားကိုယ်ပျောက်ရေငုတ်သင်္ဘောပါဆိုပြီး ဗြိတိန်ရေတပ်က လိုက်ရှာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေလငါး အီးပေါက်သံကို ရုရှားကိုယ်ပျောက်ရေငုတ်သင်္ဘောပါဆိုပြီး ဗြိတိန်ရေတပ်က လိုက်ရှာ


ဇန်နဝါရီ - ၂၈ ( အင်္ဂါနေ့ ) 

ဗြိတိန်တော်ဝင်ရေတပ် သတင်းရင်းမြစ်တစ်ခုက The Sun သတင်းဌာနသို့ ပေးပို့သည့်သတင်း၌ ဗြိတိန်သင်္ဘောများသည် သံသယဖြစ်ဖွယ် ရုရှားကိုယ်ပျောက် ရေငုပ်သင်္ဘောကို  ရက်အတော်ကြာအောင် ခြေရာခံလိုက်ခဲ့ပေမဲ့ နောက်ဆုံးရလိုက်တာက သံသယဖြစ်ဖွယ် ဆိုနာ သင်္ကေတတွေဟာ အမှန်တကယ်မှာမှု ဝေလငါးတစ်ကောင်နှင့် သက်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

စကော့တလန် အနောက်မြောက်ဘက်ကမ်းရိုးတန်းရှိ  အက်ပဲလ်ရေလက်ကြားနဲ့ ရာစေးကျွန်းစုများ  ကြားတွင် လျှို့ဝှက်ဆန်းကြယ်သောအသံနှစ်ခုကို ကောက်ယူရရှိခဲ့တာကြောင့် တော်ဝင်ရေတပ်သည် ရေနက်ပိုင်းရှာဖွေမှု ကို ပြုလုပ်ခဲ့ပါတယ်။ တော်ဝင်ရေတပ် က အဲ့ဒိအသံတွေက သဘာဝသံမဟုတ်ဘဲ လူလုပ်သံတွေဖြစ်တယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။ 

“ကျွန်တော်တို့ အသံတွေကို ခွဲခြမ်းစိတ်ဖြာပြီး အကြိမ်ကြိမ်လေ့လာကြည့်တော့မှ အဲ့တုန်းက ကြားလိုက်ရတဲ့ အသံရှည်ရှည်တွေက ဝေလငါးကြီး လို ရေနေနို့တိုက်သတ္တဝါတွေက ထွက်လာတဲ့ အသံလို့ ကောက်ချက်ချ လိုက်ပါတယ်” လို့ အမည်မဖော်လိုသည့် ရေတပ်အရာရှိတစ်ဦးက The Sun သို့ ပြောကြားခဲ့ပြီး ဝေလငါးသည် ထိုအချိန် တုန်းက အီးပေါက်နေတာပဲဖြစ်မှာပါ လို့ ဆိုပါတယ် ။ 

အခြား တော်ဝင်ရေတပ် သတင်းရင်းမြစ်က “ကျွန်တော်တို့ အဲဒါကို အလေးအနက်ထားပြီး ဆောင်ရွက်နေပါတယ်။ တော်တော်ဆိုးတဲ့ အခြေအနေမျိုးဖြစ်ခဲ့တာပါ ” လို့ဆိုပါတယ်။  ပထမဆုံးကြားလိုက်ရတဲ့ အသံရဲ့အချက်ပြမှုက မြောက်ဘက်ပင်လယ်ပြင်ဆီသို့ ဦးတည်သွားနေကြောင်း တွေ့ရှိရခဲ့ပါတယ်။ ဒုတိယအသံက အဲ့ဒိအသံရဲ့ တည်နေရာကနေ တောင်ဘက်သို့ ရွေ့လျားပြီး နောက်မှ လှည့်ထွက်ပြီး နောက်တစ်ကြိမ် ထွက်ခွာသွားသည်ကို ကြားလိုက်ရတာပဲ ဖြစ်ပါတယ်။ ဆိုလိုသည်သဘောမှာ ရုရှားကိုယ်ပျောက်သင်္ဘောက ဗြိတိန်ရေပိုက်နက်ထဲကို ထဲထဲဝင်ဝင် ဝင်လာပြီး ပြန်ထွက်သွားတဲ့ အဓိပ္ပါယ်ဖြစ်နေပါတယ်။ 

ဗြိတိန်ရေတပ်ဗိုလ်ချုပ်ကြီးတွေက ရုရှားရေငုတ်သင်္ဘာတွေဟာ ဗြိတိန်ရေပိုင်နက်ထဲကို ဝင်ပြီး အာရုံခံကိရိယာ တွေကို လာရောက်တပ်ဆင်ကာ တော်ဝင်ရေတပ်ရဲ့ လှုတ်ရှားမှုတွေကို သိရှိအောင်ကြိုးစားနေတယ်လို့ သံသယဝင်နေခဲ့ပါတယ်။ ဒါ့အပြင် ရုရှားတွေက တော်ဝင်ရေတပ်ရဲ့ ရေငုတ်သင်္ဘာတွေနဲ့ ဒုံးတင် တိုက်သင်္ဘော ၊ ဖျက်သင်္ဘောတွေကို လှုတ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းနေတယ်လို့လည်း သံသယဝင်နေကြပါတယ်။ 

ယူကရိန်းပဋိပက္ခကြောင့် NATO နှင့် ရုရှားတို့ကြား တင်းမာမှုများ ပိုမိုဆိုးရွားလာကာ အနောက်နိုင်ငံများ၏ ရေတပ်များသည် တစ်ခါတစ်ရံ သံသယဖြစ်ဖွယ် အရိပ်များနောက်သို့ အသည်းအသန်လိုက်နေကြရပါတယ်။ ၂၀၁၉ခုနှစ်တုန်းကလည်း နော်ဝေးနိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းတွင် တွေ့ရှိခဲ့သည့်  ဘီလူဂါ ဝေလငါးကို ရုရှားသူလျှိုအဖြစ် သတ်မှတ်ပြီး နော်ဝေရေတပ်မှ နှစ်နဲ့ချီပြီး ခြေရာခံလိုက်ခဲ့ပါတယ်။ ဟီဘယ်ဒီမားလို့ နာမည်ပြောင်ပေးထားတဲ့ အဲ့ဒိဝေလငါးက က ကံဆိုးစွာနဲ့ အဲ့ဒိနှစ်ဩဂုတ်လက မတော်တဆဖြစ်ပြီး သေဆုံးသွားမှ အဖြေပေါ်ခဲ့ပါတယ်။ 


REF - RT

#MNP #News #Russia #UK

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)