ရန်ကုန်၊ ဇန်နဝါရီ ၂၈
နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိ ရွှေကျင်သာသနာ ပိုင်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တည်ထောင်သူနှင့် သြဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရသည် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒီပလိုမာတန်းမှ ပါရဂူတန်းအထိ တက်ရောက်လျက်ရှိသော ပြည်တွင်းပြည်ပမှ သင်တန်းသားသင်တန်းသူများအား ယမန်နေ့က အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall တွင် Special Dhamma Talk ပို့ချသည်။
အခမ်းအနားသို့ အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် ဒေါက်တာဘဒ္ဒန္တနောဓိ ဉာဏအမှူးပြုသော တက္ကသိုလ်သင်ကြား ဆရာတော်ကြီးများ၊ သင်ကြားသီလရှင်များ၊ ပြည်တွင်းပြည်ပနိုင်ငံ ၂၁ နိုင်ငံမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၃၂၈ ပါး၊ ဦးတို့ တက်ရောက်ကြည်ညို နာယူခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News #Yangon
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment