မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်








မော်လမြိုင်၊ ဇန်နဝါရီ ၂၈

မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စာမတတ်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ရွာဒေသများအတွင်း ကျောင်းမနေခဲ့ရသူများ၊ မူလတန်းပညာမသင်ကြားခဲ့ရသူများအတွက် စဉ်ဆက်ပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သင်ယူသူများ၏ စာရေး၊ စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာစေပြီး ကျွမ်းကျင်ပိုင်နိုင်လာမှာဖြစ်ပါကြောင်း၊ စဉ်ဆက်ပညာရေးမှသည် ဘဝတစ်သက်တာသင်ယူသူများအဖြစ် ဧကန်မလွဲဖြစ်လာနိုင်မှာဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းက ပို့ချတဲ့စာတွေသာမက မိမိတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးစားသင်ကြားပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် ဗဟိုအဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သူ(၅)ဦးအား ချီးမြှင့်ငွေများအား ပေးအပ်ခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းတက်ရောက်သည့် နည်းပြ၊ ကြီးကြပ်များအား သင်တန်းသုံးသင်ထောက်ကူပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်း၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ  

#MNP #News #Mon #Mawlamyaing

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)