နေပြည်တော်၊ ဇန်နဝါရီ ၁၈
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၊ လောကသရဖူသွန်း ဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၅၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၉၃ ဦး၊ သွားရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့အပြင်အထွေထွေခွဲစိတ်လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁ ဦး တို့ကို ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၃ ဦး၊ အာထရာဆောင်း ဖြင့်စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၂၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၁၀၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၅ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ခွဲစိတ်ကုသမှုခံယူခဲ့သည့် အဖွားအိုတစ်ဦး က "ကန်းနေတဲ့ လူတစ်ယောက်ကကောင်းသွားတော့ ပိုဝမ်းသာတာပေါ့။ အမေကြီးကို ခွဲမယ်ဆိုကတည်းက ဝမ်းကိုသာသွားတာ အမေကြီး နဂိုကတည်း ဆိုကြောက်တယ်။ တစ်ခါဆေးရုံသွားပြကတည်း သွေးပေါင်တွေကျပြီးတော့ ဂလူကို့တွေ ဘာတွေချိတ်ရတယ်။ အခုဒီမှာ ဝမ်းသာအားရလဲရှိတယ်။ အားလဲပါတယ်။ အကုန်လုံးကျေးဇူးတင်ပါတယ်။ အဖွားကတော့ တာဝန်ရှိတဲ့ လူတွေရော ပါအကုန်ကျေးဇူးတင်ပါတယ်။ အဲလိုလာပြီးတော့ သတ္တဝါတွေကိုကယ်ဆယ်တာ အမေးကြီးတို့ အကုန်လုံး ကျေးဇူးတင်ပါတယ်။" ဟု ပြောသည်
အကျိတ်ခွဲစိတ်ကုသမှုခံယူခဲ့သည့် အမျိုးသားတစ်ဦးက "ဒီကျုံစုတ်ကျေးရွာမှာ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်တယ်ကြားလို့ ကျွန်တော့လက်မောင်းက အကြိတ်လေးကို လာပြတာပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီအ ကြိတ်က ၂ နှစ်လောက်ရှိပါပြီခင်ဗျာ။ စာရေးတဲ့အခါမှာ လက်မောင်းက အကြိတ် က ခိုလို့ခုလုနဲ့ ကိုက်တယ်ခင်ဗျာ။ အဲတာကြောင့် ဒီမှာလာရောက်ပြသရပဲ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ဒီမှာလာပြီး ကုသတဲ့အချိန်မှာ ဆရာဝန်တွေကလည်း စိတ်ရှည်လက်ရှည်နဲ့ ကုသပေးပါတယ်။ အဖိုးအခလဲ လုံးဝမယူဘူးဆိုတော့ ကျွန် တော့်အတွက် အဆင်ပြေပါတယ်ခင်ဗျာ။ အခုလိုမျိုး အဖိုးအခမယူပဲ လာရောက် ကုသပေးတဲ့ ဆရာဝန်တွေ အားလုံးကိုလည်း ကျွန်တော် ကျေးဇူးအထူးပင် တင်ရှိပါတယ် ခင်ဗျာ။ နောက်ထပ်လဲ ခုလိုမျိုးနယ်လှည့်ဆေးကုသရေးအဖွဲ့တွေ ထပ်မံလာရောက်ကုသပေးဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ။" ဟု ကျေးဇူးတင်စကား ဆိုသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment