ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ ဇန်နဝါရီ ၁၈ 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ရေနံချောင်း တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်း၊ ကုမ္ပဏီများမှ ပညာရှင်များအား ယနေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည် ရုံးခွဲ (စိမ်းလဲ့မေ)၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ 

အားပေးဆောင်ရွက် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင် ကဏ္ဍသည် အရေးကြီးသောကဏ္ဍ တစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ယခုနှစ်အတွင်း “2025, The Year of Myanmar Energy" ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ကဏ္ဍ ခေတ်တစ်ခေတ် ဆန်းသစ်စေ ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ် ဘူမိဗေဒပညာရှင် များ၊ ရေနံအင်ဂျင်နီယာများ အပါ အဝင် စက်မှု၊ ဓာတုအင်ဂျင်နီယာ များ၏ စွမ်းဆောင်ရည် မြှင့်တင် နိုင်ရေးအတွက် Stakeholder များက ဝိုင်းဝန်းပံ့ပိုးအားပေး ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း၊ ဘာသာရပ်အလိုက် ကျောင်းသူ ကျောင်းသားများအား Scholarship ပေးနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ရေနံချောင်းတက္ကသိုလ်၌ ရေနံ ဘူမိဗေဒဘာသာရပ်ကို ၄ နှစ် ဘွဲ့ သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာ သင်နှစ်မှ စတင်၍ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့များရရှိပြီး ချိန်တွင် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လိုပါက လက်ခံ ခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး ထို့နောက် တက်ရောက်လာ ကြသူများက ဘူမိဗေဒဘာသာရပ်၊ ရေနံအင်ဂျင်နီယာ ဘာသာရပ်၊ ဓာတုအင်ဂျင်နီယာ ဘာသာရပ် နှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာ သင်ကြားမှုအခြေအနေ၊ လိုအပ်ချက်များနှင့် ပံ့ပိုးဆောင် ရွက်ပေးရမည့် လိုအပ်ချက်များ ကိုလည်းကောင်း၊ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ဗဟုသုတ များအပေါ် အခြေခံကာ ပိုမို ကောင်းမွန်သော သင်ကြားရေး စနစ်ဖြစ်စေရေး အကြုံပြုချက် များကိုလည်းကောင်း ဆွေးနွေး တင်ပြကြပြီး တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြ သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ရှိ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက္ကသိုလ်များမှ ဆရာ ဆရာမ များကို Training For Trainer အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Stakeholder များပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရေး အရေးအကြီးဆုံးဖြစ် သည့် လူ့စွမ်းအားအရင်းမြစ် များ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မိမိတို့ကျရာ အခန်း ကဏ္ဍတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးစေကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)