ယူကရိန်းကို ခဲယမ်းပို့နေတဲ့ လက်နက်စက်ရုံ ပေါက်ကွဲမှု ဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းကို ခဲယမ်းပို့နေတဲ့ လက်နက်စက်ရုံ ပေါက်ကွဲမှု ဖြစ်



ဇန်နဝါရီ - ၃၁ ( သောကြာနေ့ ) 

ယူကရိန်းနိုင်ငံကို အဓိက လက်နက်ခဲယမ်းများ ပံ့ပိုးပေးနေတဲ့ ဂျာမန်ကုမ္ပဏီကြီး ရိန်းမက်တယ်ရဲ့ စက်ရုံခွဲတစ်ခုဖြစ်တဲ့ စပိန်နိုင်ငံအရှေ့တောင်ပိုင်း မာစီယာဒေသရှိ ခဲယမ်းစက်ရုံတစ်ရုံ ပေါက်ကွဲမှုဖြစ်ပွားရာ အလုပ်သမား ၆ ဦး ဒဏ်ရာ ရခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိပါတယ်။ 

ဂျေဗာလီ ဗိုင်ဂျိုမှာ ရှိတဲ့ စက်မှုဇုန်မှာ ညနေ ၄ နာရီ ၂၀ လောက်မှာ ဖြစ်ပွားခဲ့တာလို့ အရေးပေါ်ဌာနက ပြောပါတယ်။ အသက် ၃၀ နှင့် ၅၂ နှစ်ကြားရှိ ဝန်ထမ်းအများအပြား မီးလောင်ဒဏ်ရာများ နှင့် မီးခိုးငွေ့များ ရှူရှိုက်မိခြင်းတို့ကို ခံစားခဲ့ရပါတယ်။  အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ လူငါးဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အခြားအမျိုးသားတစ်ဦးမှာ အရေးပေါ်ကုသမှုကို ခံယူလိုက်ရပါတယ်။ 

ဂျာမနီနိုင်ငံ ရိန်းမက်တယ် က စပိန်ခဲယမ်းထုတ်လုပ်တဲ့ကုမ္ပဏီ အိတ်စ်ပေါ စစ်ဆတမ်  ကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ဖြင့် ဝယ်ယူခဲ့ပါတယ်။ အိတ်စပေါမြူနီရှင်းလို့ နာမည်ပြောင်းလိုက်ပြီး  ဝေဟင်ဗုံးများ၊ မော်တာနှင့် အလယ်အလတ်ကျည်များ၊ ဖျူးများနှင့် ဒုံးပျံတွန်းကန်စနစ်များအပြင် အီးယူမှ ယူကရိန်းသို့ ထောက်ပံ့ပေးသော ၁၅၅မမ အမြောက်ကျည်များ အဓိကထုတ်လုပ်နေပါတယ်။ 

အိတ်စပေါမြူနီးရှင်းက စပိန် မာစီယာတွင် စက်ရုံ ခုနစ်ခု ဖြင့်လည်ပတ်နေပြီး  ယူကရိန်းအတွက် မည်သည့် စက်ရုံများမှ ခဲယမ်းများထုတ်လုပ်ပေးနေသည်ဆိုသည့် တိကျသောအသေးစိတ်အချက်အလက်များကိုမူ လူသိရှင်ကြားထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ရိန်းမက်တယ်က ၂၀၂၃ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၁၅၅သန်းကျော်တန်ဖိုးရှိတဲ့ ၁၅၅ မမ အမြှောက်ကျည်များ အတွက် အမှာစာလက်ခံရရှိခဲ့ပါတယ်။ အမှာစာပိုင်ရှင်ကို ထုတ်ဖော်ပြောပြခြင်းမရှိပေမဲ့ ကုမ္ပဏီကြေညာစာအရ ရေရှည်စစ်ရေးဆိုင်ရာပံ့ပိုးမှုပေးရန် ကတိပြုထားသည့် "နေတိုးမိတ်ဖက်နိုင်ငံ"တစ်ခုကလို့ သိရပါတယ်။ 

ယူကရိန်းသို့ ခဲယမ်းတင်ပို့ရန်အတွက် ထုတ်လုပ်မှုကို စပိန်ရှိ ရိန်းမက်တယ် ၏ စက်ရုံများတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ထုတ်လုပ်မှုကို ဒီနှစ်မှာစပြီး ပြုလုပ်ရန် စီစဉ်ထားပါတယ်။ မနှစ်က ဒီဇင်ဘာလနှောင်းပိုင်းတွင် ကုမ္ပဏီသည် အမျိုးအစားအမျိုးမျိုးရှိသော ၁၅၅ မီလီမီတာ အမြောက်ကျည်ထောင်ပေါင်းများစွာအား ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ရန် နောက်ထပ်စာချုပ်တစ်ခု အမှာရခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 

ဈေးကွက်အရင်းအနှီးဒေါ်လာ ၃၄ ဘီလီယံဝန်းကျင်ရှိသော ဂျာမန်လက်နက်ကုမ္ပဏီကြီးသည် လီယိုပတ် တင့်ကားများ၊ သံချပ်ကာတင်သင်္ဘောများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင် ယူကရိန်းသို့ ပံ့ပိုးပေးသည့် အခြားလက်နက်အများအပြားကိုလည်း ထုတ်လုပ်ပါတယ်။ ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်မှ စ၍ ကုမ္ပဏီ၏ အမြတ်ငွေသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် နှစ်ဆနီးပါး တိုးလာတယ်လို့ သိရပါတယ် ။ 


REF - RT

#MNP #News #International #Germany

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)